30 C
Yangon

ဘီးလင်းမြို့မှ ဗိုလ်မှူး လွင်ကိုကိုထွေး ဖာပွန်တွင် ရိက္ခာထုတ်စစ်ကြောင်းကို ဦးဆောင်ရင်း တိုက်ခိုက်ခံရပြီး သေဆုံး၊ နာရေးဖိတ်စာတွင် စစ်တပ်ရာထူးမထည့်

Must read

ဘီးလင်းမြို့မှ ဗိုလ်မှူး လွင်ကိုကိုထွေး ဖာပွန်တွင် ရိက္ခာထုတ်စစ်ကြောင်းကို ဦးဆောင်ရင်း တိုက်ခိုက်ခံရပြီး သေဆုံး၊ နာရေးဖိတ်စာတွင် စစ်တပ်ရာထူးမထည့်

ရန်ကုန်၊ အောက်တိုဘာ ၂၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့မှ ဗိုလ်မှူးလွင်ကိုကိုထွေးသည် ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် တာဝန်ကျစဉ် ရိက္ခာထုတ်သွားရန်အတွက် စစ် ကြောင်းကို ဦး ဆောင်ရင်း သွားရောက်စဉ် တိုက်ခိုက်ခံရပြီး သေဆုံးသွားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရှိရသည်။

အောက်တိုဘာ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ဖာပွန်တွင် တာဝန်ကျသော ဗိုလ်မှူး လွင်ကိုကိုထွေးက စစ်သား ၃၀ ဦးနှင့်အတူ ရိက္ခာထုတ်ယူရန်အတွက် သွားစဉ် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း၊ သေဆုံးချိန်တွင် မိသားစုက အလောင်းပြန်လည် ရရှိခြင်း မရှိကြောင်း သိရှိရသည်။

“ဗိုလ်မှူးလွင်ကိုကိုထွေးက 2IC အဖြစ်နဲ့ ထားဝယ်တပ်မှာ တာဝန်ကျတယ်။ ထားဝယ်တပ်ကို ကရင်ပြည်နယ် ဖာပွန်ဘက်မှာ ရှေ့တန်းပို့ထားတာ။ အဲဒါ ရိက္ခာထုတ်ဖို့ သွားရင်းနဲ့ သေဆုံးတယ်။ အလောင်းပြန်မရဘူး” ဟု မိသားစုနှင့်နီးစပ်သူက ရှင်းပြသည်။

ဘီးလင်းမြို့ရှိ ဗိုလ်မှူးလွင်ကိုကိုထွေး၏ ကျန်ရစ်သူ မိသားစုက နာရေးရက်လည် ဆွမ်းသွပ်ပြုလုပ်ရန် နာရေးဖိတ်စာဝေငှရာတွင် စစ်တပ်ရာထူးကို ဖော်ပြခြင်းမပြုကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article