28 C
Yangon

ထိုင်းနိုင်ငံ၊ Kabin Buri ခရိုင်ရှိ စက်ရုံတစ်ရုံတွင် ဓါတုဆေးကန် ပေါက်ကွဲမှုဖြစ်ပွားပြီး မြန်မာ အလုပ်သမား ၂ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရ

Must read

ထိုင်းနိုင်ငံ၊ Kabin Buri ခရိုင်ရှိ စက်ရုံတစ်ရုံတွင် ဓါတုဆေးကန် ပေါက်ကွဲမှုဖြစ်ပွားပြီး မြန်မာ အလုပ်သမား ၂ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၇

ထိုင်းနိုင်ငံ Prachin Buri ပြည်နယ်၊ Kabin Buri ခရိုင် ခရိုင်ရှိ စက်ရုံတစ်ရုံတွင် ဓာတုဆေးကန်ပေါက်ကွဲကာ မြန်မာ အလုပ်သမား ၂ ဦး သေဆုံး၍ ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူ မြန်မာအလုပ်သမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓာတုကန်ပေါက်ကွဲမှုကြောင့် မြန်မာ အလုပ်သမား ၂ ဦးသည် ကန်ထဲပြုတ်ကျသွားခဲ့ခြင်းဖြစ်ပြီး ၁ ဦးသည် ကန်မှ သေဆုံးလျက်သား ဆယ်ယူခဲ့ရပြီး ကျန် ၁ ဦးသည် ဆေးရုံအသွား လမ်းတွင် သေဆုံးခဲ့ရကြောင်း သိရှိရသည်။

“ကန်ထဲကို အမှုန့်ထည့် မွှေနှောက်ဖျော်စပ်ရတာပါ။ ကန်ထဲ ကျသွားသူ ၂ ဦးလုံးက ကန်အဖုံးပေါ်တက်ပြီး အိတ်ကြီးတွေကို ကရိန်းနဲ့ မပြီး အိတ်ဖွင့်ဖောက်ထည့်ရပါတယ်။ ပထမ ၁ ကြိမ်လည်း ပေါက်ကွဲခဲ့ဖူးပြီး ပေါက်ကွဲမှုက အနည်းငယ်သေးလို့ အပြင်ကို သတင်းထွက်တာ၊ အစိုးရအထိ သတင်းမရောက်လိုက်ဖူးလို့ သိရတယ်။ ပေါက်ကွဲတာက အုန်းကနဲ အပေါ်တက်လာတဲ့ အခိုးအငွေ့လုံးက အကြီးကြီးပါပဲ” ဟု ပထမအကြိမ်ပေါက်ကွဲမှုတွင် ကိုယ်တိုင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိ ပေါက်ကွဲမှုတွင် သေဆုံးခဲ့သူများကို ဆယ်ယူရာတွင် ပါဝင်ခဲ့သူ စက်ရုံအလုပ်သမား တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

သေဆုံးသွားသူများမှာ ကိုမင်းအောင်နှင့် ကိုသက်ဝေတို့ ဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရသူ ၁၂ ဦးတွင် ဝ လူမျိုး တရုတ်စကားပြန် ၁ ဦးနှင့် မြန်မာလူများ ၁၁ ဦး ပါဝင်ကြောင်း သိရှိရသည်။

သေဆုံးသွားသူ အလုပ်သမားများ အပါအဝင် ထိခိုက်ဒဏ်ရာရသူ မြန်မာအလုပ်သမားများသည် အောင်ပြည့် ကုမ္ပဏီနှင့် လာသည့် MoU အလုပ်သမားများ ဖြစ်ပြီး ပထမအကြိမ် ထိခိုက်ဒဏ်ရရှိစဉ်တွင်လည်း စက်ရုံနှင့် ကုမ္ပဏီဘက်က ဝန်ထမ်းများအတွက် လျော်ကြေးပေးလျှော်ခြင်း မရှိကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း မည်သို့ ဆောင်ရွက်ပေးမည်ကို မသိရှိရသေးကြောင်း စက်ရုံအလုပ်သမားများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article