လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊အောက်တိုဘာ ၂၈
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး အောက်တိုဘာလ ၂၈ ရက်နေ့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ သပိတ်လှုပ်ရှားမှုကို ‘လူထု အာဏာ တည်ဆောက်၊ လွတ်မြောက်ရေးအတွက် ဆက်လျှောက်’ ဘန်နာကိုင်ဆွဲချီတက်ခဲ့ကြခြင်း ဖြစ်ပြီး ဒေသပြည်သူများပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရသည်။