လက်ပံတောင်းတောင်ဒေသတွင် “Airbus: End investment in AVIC၊ စစ်ရာဇဝတ်မှုတွေမှာ ရင်နှီးမြုပ်နှံနေတာ အဆုံးသတ်”ခေါင်းစဥ်နှင့် သပိတ်ချီတက်
ရန်ကုန်၊အောက်တိုဘာ ၂၈
လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက ပြည်သူများအပေါ် အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာလူနေအိမ်များနှင့် မြို့ပြတွေပေါ်အထိ တိုက်လေယာဥ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုကို ရပ်တန့်ပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုကို အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ လှုပ်ရှားမှုကို ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုများကို အဆုံးသတ်ရန် “Airbus: End investment in AVIC” ခေါင်းစဥ်နှင့် လှုပ်ရှားခဲ့ကြပြီး စစ်အာဏာရှင်ဆန့် ကျင်ရေးကြွေးကြော်သံများနှင့် သပိတ် ချီတက်ခဲ့ကြကြောင်း သိရှိရသည်။


