21 C
Yangon

ရွှေတုတ်ကန်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က အဓမ္မကောက်ယူထားသော လျှပ်စစ်မီတာခ ၈ သိန်းကို မြို့နယ်သို့ သွားရောက်ပေးဆောင်စဉ် ဒေသကာကွယ်ရေးအဖွဲ့များက တားဆီး သိမ်းယူ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ရေနံချောင်းမြို့နယ်၊ ရွှေတုတ်ကန်ကျေးရွာမှ အဓမ္မကောက်ခံထားသော လျှပ်စစ်မီတာခများကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က မြို့နယ်မီတာရုံးသို့ သွားရောက်ပေးဆောင်စဉ် ရေနံချောင်း PDFနှင့်  Rangers of Tropical Land (ROTL) အဖွဲ့များက တားဆီးပြီး မီတာခ ကောက်ခံရရှိငွေ ကျပ် ၈ သိန်းကို သိမ်းယူလိုက်ကြောင်း သတင်းရရှိသည်။

ပြည်သူများထံမှ အဓမ္မ ကောက်ယူရရှိထားသော လျှပ်စစ်မီတာခ ၈ သိန်းကျပ်ကို မြို့နယ်သို့ သွားရောက်ပေးဆောင်သည့် ရွှေတုတ်ကန် ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြင်းပြင်းထန်ထန်သတိပေးခဲ့ပြီး သိမ်းဆည်းလိုက်သော ငွေများကို တော်လှန်ရေးအတွက် အသုံးချသွားမည်ဟု ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article