25 C
Yangon

ရေစကြို ရေလယ်ကျွန်းရှိ ကျေးရွာများကို စစ်တပ်က ဝင်ရောက်စီးနင်း ဖျက်ဆီးပြီး နေရင်းရွာသား ဦးစိန်ဝိုင်းကို ပစ်သတ် 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄ 

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်း‌ ဒေသရှိ ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က ဇန်နဝါရီလ ၂ဝရက်နေ့က စတင်ကာ ဝင်ရောက်စီးနင်း ဖျက်ဆီးခဲ့ပြီး နေရင်းရွာသား ဦးစိန်ဝိုင်းကိုလည်း ပစ်သတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။  

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ရေလယ်ကျွန်းဒေသရှိ နေရင်း၊ မင်းရွာ၊ ပေါက်တော စသည့် ကျေးရွာ ၃ရွာကို ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ကျေးရွာများအတွင်း ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် နေရင်းရွာသား ဦးစိန်ဝိုင်း ထိမှန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

” စစ်ခွေးတွေက ရေလယ်ကျွန်းကို စဝင်တာ ၄ရက်လောက်ရှိပြီ ဒီနေ့ နံနက်ပိုင်းတော့ ပြန်သွားကျတယ်။ သူတို့က ရွာထဲကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းပစ်တာ ထိခိုက်ဒဏ်ရာရတဲ့ ရွာသားတွေလည်း ရှိတယ်။ နေရင်းရွာက အသက် ၆၅နှစ်အရွယ် ဦးစိန်ဝိုင်းကတော့ ပွဲချင်းပြီး သေဆုံးသွားတယ်။ ပြည်သူတွေ နေအိမ်အတွင်းမှာရှိတဲ့ ရွှေ၊ ငွေ၊ တန်ဖိုးကြီး ပစ္စည်းတွေ ဖျော်ရည်ဘူးကအစ လုယက်ခိုးယူသွားတယ်။ ပြည်သူတွေ မွေးထားတဲ့ အိမ်မွေး တိရစ္ဆာန်တွေကိုလည်း ပစ်သတ်သွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ 

ယင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် နေရင်းရွာနှင့် မင်းရွာကြားတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ရေလယ်ကျွန်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်း ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article