24 C
Yangon

မင်းတုန်း၊ မဲဇလီကျေးရွာအနီး ကင်းပုန်းဝပ်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ် -မုံရွာလမ်းပိုင်းရှိ မဲဇလီကျေးရွာအနီးတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းပိုင်းရှိ မဲဇလီကျေးရွာအနီးတွင် ကင်းပုန်းဝပ်နေသော စစ်သား ၈ ဦး ခန့်ကို PDF တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း သေဆုံးသွားသော အကြမ်းဖက် စစ်သားများကို စပါးတန်းရွာနှင့် ညောင်ပင်သာရွာရှိ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၁၅ ဦးခန့်က ဖောကားဖြင့် ရောက်ရှိလာပြီး ဥသျှစ်ပင်ကျေးရွာဘက်သို့ သယ်ဆောင်သွား ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်အမှတ်-၄ တပ်ရင်း တပ်ခွဲ ၁ မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တဲ့နေရာက မင်းတုန်းနဲ့ဆိုရင် ၅ မိုင်လောက်ပဲဝေးတယ်။ မင်းတုန်း ၅ မိုင် ဂိတ်နဲ့လည်း သိပ်မဝေးဘူး။ မဲဇလီကျေးရွာမှာ သူတို့အရာရှိ ၂ ဦးလောက်က အရက်သောက်နေတာ အဲဒီအတွက် ကင်းပုန်းဝပ်ပေးနေတာလို့ သတင်းရလို့ တိုက်ခိုက်ခဲ့တာ သွားတဲ့အခါမှာ ကျနော်တို့လည်း အရောက် အရက်သောက်လာတဲ့ကားကလည်း ကင်းပုန်းဝပ်နေတဲ့ စခတွေကို တင်တဲ့အချိန် တိုက်ခိုက်ခဲ့တာ ၁၅ မိနစ်လောက် တိုက်ခိုက်ခဲ့ပြီးတော့ ကျနော်တို့က ပြန်ဆုတ်လာတာပေါ့။ တိုက်ပွဲဖြစ်တဲ့ နေရာရဲ့ တောင်ဘက်လောက်မှာ စပါးတန်း၊ ညောင်ပင်သာ ဆိုတာရှိတယ်။ အဲဒီရွာတွေက ပျူအားကောင်းတဲ့ရွာတွေ အဲဒီဘက်နေပြီးတော့ ဖောကားအပြာနဲ့ ၁၅ ယောက်လောက်လာတယ်။ သေဆုံး ဒဏ်ရာရတဲ့သူတွေကို အဲဒီဖောကားနဲ့ပဲ သယ်သွားတယ်လို့ သိရတယ်။ နောက်ဆက်တွဲသတင်းတွေ အရတော့ သေဆုံးတာတွေရှိတယ်လို့ သတင်းကတော့ရတယ်။ အတိအကျတော့အတည်ပြုလို့ မရ ဘူး” သရက်ခရိုင်အမှတ် ၄ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article