33 C
Yangon

ရွှေပြည်သာ ၁၄ ရပ်ကွက်တွင် အသက် ၂၁ နှစ်အရွယ် မောင်သက်လင်း(ခ)သီဟထွန်းကို နယ်ထိန်းရဲ စည်သူအောင်နှင့် လူမိုက် ၂ ဦးက ရိုက်နှက်ဖမ်းဆီးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး နေလင်းအောင်နှင့်ဒုအုပ်ချုပ်ရေးမှူးမောင်ဦးတို့က စစ်မှုထမ်း တပ်သားသစ်အဖြစ် စစ်တပ်သို့ ပို့ဆောင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၁၄ ရပ်ကွက်တွင် အသက် ၂၁ နှစ်အရွယ် မောင်သက်လင်း(ခ)သီဟထွန်းကို နယ်ထိန်းရဲ စည်သူအောင်နှင့် လူမိုက် ၂ ဦးက ရိုက်နှက်ဖမ်းဆီးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး နေလင်းအောင်နှင့်ဒုအုပ်ချုပ်ရေးမှူးမောင်ဦးတို့က စစ်မှုထမ်း တပ်သားသစ်အဖြစ် စစ်တပ်ထံသို့ ပို့ဆောင်လိုက်ကြောင်း ရပ်ကွက်နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မောင်သက်လင်း(ခ) သီဟထွန်းက ရွှေပြည်သာမြို့နယ်၊ အောင်မေတ္တာ(ဏ) ၁၄ရပ်ကွက်တွင် ဖုန်းသွားပြင်ပြီး ပြန်လာစဉ် နယ်ထိန်းရဲ စည်သူအောင်၊ လူမိုက် ၂ ဦးတို့က ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူး နေလင်းအောင်၊ ဒုအုပ်ချုပ်ရေးမှူး မောင်ဦးတို့ထံ အပ်နှံလိုက်ကြောင်း၊ ယင်းနောက် စစ်မှုထမ်းသင်တန်းသို့ တပ်သားသစ်အဖြစ် ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

“မိဘတွေနဲ့ အဆက်အသွယ်မရဘူးလို့ သိရတယ်။ ကောင်လေးကို ဖမ်းသွားတုန်းကလည်း နယ်ထိန်းရဲ စည်သူအောင်နဲ့ ပလေကပ်ဝတ် လူမိုက် ၂ ဦးက ရိုက်နှက်ဖမ်းတယ်။ ပြီးတော့ ရပ်ကွက် ၉ ဥက္ကဋ္ဌ နေလင်းအောင်နဲ့ မောင်ဦးလက်ထဲကို အပ်တယ်။ အဲဒီကနေ တပ်သားသစ်အဖြစ် အပို့ခံရတယ်” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ရှင်းပြသည်။

မောင်သက်လင်း(ခ)သီဟထွန်းကို ဖမ်းဆီးပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က တပ်သားသစ်စုဆောင်းရေး လျှောက်လွှာတွင် ရိုက်နှက်ခြိမ်းခြောက် လက်မှတ်ရေးထိုးခိုင်းကြောင်း၊ လက်ရှိတွင် မိသားစုနှင့်လည်း ဆက်သွယ်မှု မရရှိကြောင်း ၊ စစ်တပ်ထဲတွင် ရောက်ရှိနေသည်ဟုသာ သိရှိရပြီး မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိရှိရကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article