25 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်နယ် ၊ အမ်းမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံကနေ စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းဆင်း တပ်သားသစ် ၂ ဦး လက်နက် အပြည့်အစုံနဲ့ အာရက္ခတပ်တော် AA အဖွဲ့တွေဆီမှာ လက်နက်ချ အလင်းဝင်လာပြီး ၊ ရခိုင်ရောက် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေတော်တော်များများလည်း သေကုန်ကြတဲ့အပြင် ၊ ထွက်ပြေးသူတွေလည်း တော်တော်ကို များနေတယ်လို့ အာရက္ခတပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရှမ်းပြည်နယ်တောင်ပိုင်းက ကလောမြို့မှာ တန်ဆောင်တိုင် မီးရှောတိုင်/ပွဲ လုပ်ဖို့အတွက်ဆိုပြီး အကြမ်းဖက် စစ်ကောင်စီက လမ်းဘေးကွမ်းယာဆိုင်ပါ မချန် စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးကို ငွေကျပ် သိန်းနဲ့ချီ မပေးမနေရ အတင်းအကြပ်ခြိမ်းခြောက်ပြီး ကောက်ခံနေပြန်တယ်လို့ ဒေသနေ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မတိုင်ခင် စစ်ထောက်လှမ်းရေး ဟောင်းတွေ စီးပွားရေးလုပ်ငန်းရှင်တွေစီးပွားရေးအဖွဲ့အစည်းတွေ သံတမန်ဟောင်းတွေပါဝင်တဲ့ စစ်ကောင်စီ အကြံပေးအဖွဲ့ဟာ တရုတ်-မြန်မာ Think Tank Forum ကိုတက်ရောက်နေပြီး တရုတ်အကြံပေးအဖွဲ့တွေနဲ့ တွေ့ဆုံတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article