28 C
Yangon

ပေါင်းတည်နှင့် မင်းလှတို့တွင် စစ်တပ်စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးဟုဆို

Must read

ပေါင်းတည်နှင့် မင်းလှတို့တွင် စစ်တပ်စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နှင့် မင်းလှမြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၁ နာရီ ၃ မိနစ်အချိန် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် ၊ကျောက်ကြီးတောင်စစ်တပ်အထိုင်စခန်းမှသစ်ပုတ်တာဝါတိုင်စစ်တပ်အထိုင်စခန်းသို့ အင်အားဖြည့်တင်းရန်ထွက်လာသောအကြမ်းဖက်စစ်ကောင်စီအင်အား ၄၀ ဦးပါစစ်ကြောင်းကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁၊ PPDFတပ်ရင်း တပ်ခွဲ ၁ ၊တပ်ခွဲ ၅ တို့က ချီတက်ရွာနှင်သစ်ရွာအကြားတွင် မိုင်း ၃ ကြိမ်ဆွဲ၍ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ် စက်ကလေးများဖြင့် ရမ်းသမ်း ပြန်လည်ပစ်ခတ်တိုက်ခိုက်သော်လည်းပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်အန္တရာယ်မရှိကြောင်း၊ စစ်တပ်က သေဆုံးနှင့်ဒဏ်ရာ စစ်သည်များကို ယမန်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်တွင်သစ်ပုတ်တာဝါတိုင်စစ်တပ်အထိုင်စခန်းသို့ ပြန်လည်သယ်ယူသွားကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တို့ကို ဆက်သွယ်ထားသည့် လမ်းပိုင်း ထိန်းချုပ်နိုင်ရေးအတွက် ဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရ သည်။

အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့် မလွန်တပ်နယ် ကပစ၂ (ကာကွယ်ရေးပစ္စည်း စက်ရုံံ) နှင့် ကုန်းကြီး ကပစ – ၁၀ မှ ထုတ်နုတ်အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့် အထက်မင်းလှမြို့ နယ်နှင့် ရခိုင်ပြည်နယ်၊အမ်းမြို့နယ်သို့ဆက်သွယ်ထားသည့် လမ်းပိုင်းများ၊ ပုသိမ်-မုံရွာလမ်းပိုင်းတို့ ကို စစ်ကောင်စီတပ်များက လာရောက်ပိတ်ဆို့ခဲ့သဖြင့် အထက်မင်းလှပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ပဒေသာမိုင်းများ၊ ဆွဲမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင် စီတပ်သားများ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်အချိန် ပုသိမ်-မုံရွာလမ်းမကြီး တ လျှောက် လူသားတံတိုင်းအဖြစ် ဖမ်းဆီထားသည့် ပြည်သူများကို အသုံးပြုကာ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ထပ်မံစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး အထက်မင်းလှပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ ယာယီစခန်းငယ်အနီးသို့ရောက်ရှိလာခဲ့ရာ အသင့်ထောင်ထားသော ပဒေသာမိုင်း၊ တိုက်မိုင်း၊ ဆွဲမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် အကြမ်းဖက်စစ်သားများက အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ယာယီ စခန်း ငယ်ကိုမီးရှို့ဖျက်ဆီးပြီး မွန်းလွဲ ၂ နာရီခန့်တွင် သေဆုံးစစ်သား ရုပ်အလောင်းများနှင့် ဒဏ်ရာ ရရှိသူများကို ကားဖြင့် သယ်ဆောင်သွားကြောင်း၊ အကြမ်းဖက်စစ်သား ၁၁ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထား သည်။

လက်ရှိအချိန်တွင် အထက်မင်းလှမြို့နယ် စစ်ရေးတင်းမာမှုများရှိနေပြီး စစ်ကောင်စီတပ်ကလည်း မကြာ ခဏ စစ်ကြောင်းထိုးဝင်ရောက်နေသဖြင့် ဟန့်တားတိုက်ခိုက်လျက်ရှိရာ လက်နက်ခဲ ယမ်း များ လိုအပ်ချက်ရှိနေသဖြင့် ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် အထက်မင်းလှပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article