26 C
Yangon

အမေရိကန်တွင် NUG ဝန်ကြီး ဒေါက်တာဆာဆာက သံအမတ်ကြီးဦးကျော်မိုးထွန်း အပါအဝင် နယူးယောက်ရှိ မြန်မာပြည်သူများနှင့်တွေ့ဆုံ

Must read

အမေရိကန်တွင် NUG ဝန်ကြီး ဒေါက်တာဆာဆာက သံအမတ်ကြီးဦးကျော်မိုးထွန်း အပါအဝင် နယူးယောက်ရှိ မြန်မာပြည်သူများနှင့်တွေ့ဆုံ

ရန်ကုန်၊ နိုဝင်ဘာ ၂

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် ခေတ္တရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာက ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ရုံးသို့ လာရောက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နယူးယောက်မြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာနှင့် မြို့ခံမြန်မာလူထုနှင့်တွေ့ဆုံခဲ့ကြောင်း၊ နိုဝင်ဘာလ ၁ရက်နေ့ ညနေပိုင်းက မြို့ခံ မြန်မာလူထုနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံပြီး NUG ဝန်ကြီးဒေါက်တာဆာဆာu အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောက်ရွက်ရေးဝန်ကြီးဌာန၏ လုပ်ဆောင်နေမှုများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော မြန်မာလူထု၏ မေးမြန်းသောမေးခွန်းများကို ရင်ူနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article