24 C
Yangon

ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာ ပျူစောထီး အထိုင်စခန်းမှ စစ်ကောင်စီ တပ်သားများက ဘူးကြီးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၅၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးသွား

Must read

ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာ ပျူစောထီး အထိုင်စခန်းမှ စစ်ကောင်စီ တပ်သားများက ဘူးကြီးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၅၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးသွား

ရန်ကုန်၊ နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာ ပျူစောထီး အထိုင်စခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဘူးကြီးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၅၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ကာဘိုးရွာ ပျူစောထီး အထိုင်စခန်းမှ ကား ၃ စီးဖြင့် ထွက်လာသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီး အင်အား ၁၀၀ ခန့်သည့် ဘူးကြီးရွာကို ဝင်ရောက် စီးနင်းပြီး ကျေးရွာ အတွင်း၌ ပိတ်မိနေသော ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး၍ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အစည်းအဝေး ပြုလုပ်ပြီးနောက် မွန်းလွဲ ၁ နာရီခန့်တွင် ဘူးကြီးရွာမှ ပြည်သူ ၅၀ ကျော်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

“မနက်က ၁၀ နာရီ ၁၅ မိနစ်လောက်က ကာဘိုးရွာ ပျူစောထီးအထိုင်စခန်းက ထွက်လာတဲ့ အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီတပ်က ဘူးကြီးရွာက အပြစ်မဲ့ ပြည်သူ ၅၀ ကျော်ကို ဖမ်းသွားတယ်။ ဘာကြောင့်ဖမ်းသွားတယ် ဘယ်လိုရည်ရွယ်ချက်နဲ့ ဖမ်းသွားတယ်ဆိုတာတော့ ကျွန်တော်တို့လည်း အတည်ပြုလို့မရသေးဘူး။ ဒီလိုဖြစ်စဉ်တွေက အောက်တိုဘာ ၃၀ ရက်နေ့က အိုင်ပေါင်းချောင်ရွာမှာလည်းဖြစ်ခဲ့တယ်။ အားလုံးပေါင်း ၃၇ ဦးကို ဖမ်းသွားတဲ့ ဖြစ်စဉ်တွေလည်းရှိတယ်” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Photo – အောက်တိုဘာလ ၃၀ ရက်နေ့တွင် အိုင်ပေါင်းချာရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ဘုန်းကြီးကျောင်း အတွင်း၌ ပြည်သူများကို ဖမ်းဆီးထားစဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article