25 C
Yangon

ကျိုက်ထိုတွင် စစ်ကြောင်းထိုးလာသော စစ်တပ်က ပြန်လည် ဆုတ်ခွာသွားချိန် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးသုံးစွဲထားသော ဆေးထိုးအပ်များတွေ့ရှိရဟုဆို

Must read

ကျိုက်ထိုတွင် စစ်ကြောင်းထိုးလာသော စစ်တပ်က ပြန်လည် ဆုတ်ခွာသွားချိန် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးသုံးစွဲထားသော ဆေးထိုးအပ်များတွေ့ရှိရဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၆

မွန်ပြည်နယ်၊ ကျိုက်ထိုတွင် စစ်ကြောင်းထိုးလာသော စစ်တပ်က ပြန်လည် ဆုတ်ခွာသွားချိန် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးသုံးစွဲထားသော ဆေးထိုးအပ်များတွေ့ရှိရကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၊ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ – ရဲဘော်ကိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းမှစတင်၍ KNUထိန်းချုပ်နယ်မြေ ကျိုက်ထိုမြိုနယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော တပ်မ ၇၇၊ တပ်မ ၄၄ ဦးဆောင်သော အင်အား၂၀၀ကျော်ခန့် စစ်ကြောင်းက မုပ္ပလင်၊သိမ်ဇရပ်လမ်းပိုင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ၊ ထိုသို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် စစ်တပ်က ပစ်ခတ်ခဲ့သော ၂၀၂၃၊ ၂၀၂၄ထုတ် ကပစ ၅ ဒသမ ၅၆ကျည်ဖာခွံတစ်ခုနှင့်ကျည်ခွံများ၊ RPGအခွံတစ်ခု၊ မပေါက်ကွဲသေးသော ၄၀မမ လက်နက်ကြီး ၁ လုံး၊ စစ်ပြောက်ကျား ဖိနပ်တစ်ရံ၊ ၁၂၀ မမ လက်နက်ကြီးကျည်အစတစ်ခုနှင့် ဆေးကုသထားသော ဆေးထိုးအပ်၊ဂွမ်းတို့ကို တွေ့ရှိခဲ့ရကြောင်း၊ စစ်တပ်က ပစ်ခတ်သော ၁၂၀မမ လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်း ဇရပ်တစ်ခုအနည်းငယ်ပျက်စီး၍ ပြည်သူနေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

“ဆေးထိုးအပ်နဲ့ဂွမ်းက သွေးစတွေ မရှိတော့ မူးယစ်ဆေးဝါး သုံးတာ ဖြစ်နိုင်တယ်” ဟု ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၊ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ – ရဲဘော်ကိန်းက ပြောဆိုသည်။

ထို့နောက် နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းမှ စ၍ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၊ ကျေးနယ်ကာကွယ်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးအင် အားစုများက တိုက်ပွဲဖြစ်ပွားရာနေရာများ၊ စကစလက်နက်ကြီးကျ၍ ပျက်စီးသွားသောနေရာများအား နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article