28 C
Yangon

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဘေးရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ မီးလောင်ပျက်စီး

Must read

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဘေးရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ မီးလောင်ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၇

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဘေးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၅ ရက်နေ့တွင် ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၂၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

” တိုက်ပွဲမရှိဘဲနဲ့ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်နေတာ ပြည်သူ ၁ ဦးတော့ ထိခိုက်ဒဏ်ရာရတယ်။ နေအိမ်တွေ မီးလောင်ပျက်စီးတာရှိတယ်” ဟု ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article