25 C
Yangon

ထိုင်းရောက် မြန်မာအလုပ်သမားများ၏ နိုင်ငံကူးလက်မှတ်နှင့် CI များကို သက်တမ်းတိုးပေးမည်ဟု စစ်ကောင်စီသံရုံးထုတ်ပြန်မှု အခွန်ငွေ အဓိက ရရှိရေး ရည်ရွယ်

Must read

ထိုင်းရောက် မြန်မာအလုပ်သမားများ၏ နိုင်ငံကူးလက်မှတ်နှင့် CI များကို သက်တမ်းတိုးပေးမည်ဟု စစ်ကောင်စီသံရုံးထုတ်ပြန်မှု အခွန်ငွေ အဓိက ရရှိရေး ရည်ရွယ်

ရန်ကုန်၊ နိုဝင်ဘာ ၇

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ နိုင်ငံကူး လက်မှတ်နှင့် CI များ သက်တမ်းတိုးရန် စစ်ကောင်စီမြန်မာသံရုံး၏ ထုတ်ပြန်ချက်သည် အလုပ် သမားများထံမှ အခွန်ငွေ အဓိက ရရှိရေးရည်ရွယ်နေကြောင်း မြန်မာအလုပ် သမားများ အရေး ဆောင်ရွက်ပေးနေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မြန်မာသံရုံးနှင့် ထိုင်းနိုင်ငံ အလုပ် အကိုင်ဦးစီးဌာန တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်း မြန်မာလုပ်သားများကို ယာယီနေထိုင် အလုပ်လုပ်ခွင့်သက်တမ်း ၂ နှစ် ၂ ကြိမ် စုစုပေါင်း ၄ နှစ် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ သက်တမ်းတိုးခွင့်ပြုချိန်တွင် နိုင်ငံကူးလက်မှတ် သက်တမ်း အနည်းဆုံး ၂ နှစ်ကျော် ကျန်မှသာ အလုပ်လုပ်ခွင့် သက်တမ်းရရှိမည်ဟု အကြမ်းဖက် စစ်ကောင်စီ လက် အောက်ခံ မြန်မာသံရုံးက ယနေ့ နိုဝင်ဘာ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဓိက ကျွန်တော့် အမြင် အခွန် လိုချင်တဲ့ အပိုင်းပေါ့။ ပြီးတော့ ထိုင်းအစိုးရဘက်က တရားဝင် ခွင့်ပြုချက်ရပြီလား။ နောက်ပြီး ပထမ လုပ်ထားတဲ့ CI တွေက တင်းကျပ်မှု မရှိဘူး။ အခုက တအားတင်းကျပ်မယ့် ပုံစံရှိတယ်။ အခု လုပ်မယ့် အလုပ်သမားတွေ တင်းကျပ်မယ့် အပိုင်းတွေ ရှိနိုင်တယ်။ ပြီးတော့ ထိုင်းအစိုးရက ဒီနေ့ တစ်မျိုး ဟိုနေ့ တစ်မျိုး ဖြစ်နေတယ်။ ထုတ်ပြန်လိုက် ပြန်ငြိမ်သွားလိုက် ဘတ်လည်း နောက်ဆုံးကျ နောက်ဆုတ်သွားတယ်။ အခု CI လုပ်ပေးမယ် အသံကြားတယ်။ ရက်က တိတိကျကျ မသိရသေးဘူး။ မြန်မာသံရုံးက ဘာပဲ ကြေညာချက်ထုတ်ထုတ် ထိုင်းအစိုးရနဲ့ အဓိက သက်ဆိုင်တယ်” ဟု မြန်မာအလုပ်သမားများ အရေး ကူညီဆောင်ရွက်ပေးနေသည့် Worker Alliance Group မှ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် ထိုင်းအစိုးရအနေဖြင့် တရားမဝင် ဝင်ရောက်လာသည့် အလုပ်သမားများအတွက် ပန်းရောက်ကတ် (ဘတ်) ဖွင့်ပေးမည်ဟု ကြေညာထားသော် လည်း လက်ရှိအချိန်အထိ လုပ်ပေးခြင်းမရှိသေးကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မတရား စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံတွင်းသို့ ရရာနည်းလမ်းဖြင့် ဝင်ရောက်လာသည့် မြန်မာပြည်သူအများအပြားလည်း အခက်တွေ့နေကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာအရေအတွက် သန်းနှင့်ချီနေပြီး တရားဝင် အလုပ်လုပ်ခွင့် ပန်းရောင်ကတ် လျှောက်ထားရန် ပြင်ဆင်နေကြကြောင်း၊ အများစုမှာ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်လာသော လူငယ် များ အလွန်များပြားကြောင်း သိရှီရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article