32 C
Yangon

မင်္ဂလာဒုံ၊ စစ်တပ်ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ နိုင်ငံရေးမှတ်တိုင်အနီးရှိ စစ်တပ်အိမ်ထောင်သည်ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို ပဒေသာမိုင်းတွဲဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦးဒဏ်ရာရရှိကြောင်း Rangoon Urban Column (RUC) မှ စစ်ကြောင်းတာဝန်ခံ ကိုရဲခေါင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၆ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်မန္တလေး အဝေးပြေးလမ်းမဘေး၊ မင်္ဂလာဒုံမြို့နယ်၊ နိုင်ငံရေးမှတ်တိုင်အနီးရှိ အိမ်ထောင်သည်ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို ပဒေသာမိုင်းတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုအတွင်း အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထိခိုက်မှုရှိခဲ့ကြောင်း၊ ဒဏ်ရာရှိသူ ၄ ဦးကို အတွင်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

RUC က ဖောက်ခွဲတိုက်ခိုက်ခဲ့သော စစ်ရေးပစ်မှတ်သည် တပ်မိသားစုနှင့် အိမ်ထောင်သည်များ နေထိုင်ရာ လိုင်းခန်းဖြစ်ပြီး လေတပ်မှ မိသားစုဝင်များလည်း နေထိုင်လျက်ရှိကြောင်း၊ ရှေ့တန်း စစ်မြေပြင်တွင် လက်နက်မဲ့ပြည်သူများကို ရက်စက်ကြမ်းကြုတ်နေသည့် စစ်တပ်ကို အကျဉ်းတန်သော လုပ်ရပ်များ ကျူးလွန်နေမှုများ ရပ်တန့်စေရန်အတွက် နောက်တန်းစစ်တပ် ဝန်ထမ်းအိမ်ရာကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိတွင် Rangoon Urban Column (𝐑𝐔𝐂) အနေဖြင့် ရန်ကုန်မြို့ပြစစ်ကြောင်း၏ ပထမ ဦးဆုံး ကမ်ပိန်းဖြစ်သည့် ရန်ကုန်သို့ချီ RUC A-K-ဆယ့်ခြောက်လက် ကမ်ပိန်း စတင်နေပြီး ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ကြရန် ကိုရဲခေါင်က တိုက်တွန်းပြောဆိုသည်။

ဓာတ်ပုံ – ရန်ကုန်တွင် စစ်ဆေးမှုများ လုပ်နေသည့် အကြမ်းဖက်စစ်တပ်၏ စစ်ကားနှင့်စစ်သားများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်တွင် စစ်ဆေးမှုများ လုပ်နေသည့် အကြမ်းဖက်စစ်တပ်၏ စစ်ကားနှင့်စစ်သားများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article