29 C
Yangon

ရခိုင်ပြည်နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း လူဦးရေ ၂ သန်းကျော် အငတ်ဘေး ကြုံနိုင်ဟု UNDP သတိပေး

Must read

ရခိုင်ပြည်နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း လူဦးရေ ၂ သန်းကျော် အငတ်ဘေး ကြုံနိုင်ဟု UNDP သတိပေး

ရန်ကုန်၊ နိုဝင်ဘာ ၈

ရခိုင်ပြည်နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း လူဦးရေ ၂ သန်းကျော် အငတ်ဘေးနှင့် ကြုံရနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က နိုဝင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲများ ပြင်းထန်နေခြင်းနှင့်အတူ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှု အပါအဝင် ပြည်တွင်း နိုင်ငံတကာ ကုန်ပစ္စည်းဝင်ရောက်မှု ကန့်သတ်ခြင်း၊ ဝင်ငွေမရှိခြင်း ငွေကြေးဖောင်းပွခြင်းတို့ကြောင့် လာမည်နှစ်အတွင်း ဆိုးဆိုးရွားရွားကြုံရနိုင်ကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ် အတွင်း ထုတ်ကုန် သိသိသာသာ ကျဆင်းမှု အပါအဝင် ဝန်ဆောင်မှုများ၊ လူမှုဖူလုံရေးကွန်ရက်များ မရှိသောကြောင့် ပိုပြီးအကျိုးဆက်များ ခံစားရနိုင်ကြောင်း UNDP ၏ အစီရင်ခံစာတွင်ပါရှိသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က တစ်ကျော့ပြန် စတင်ဖြစ်ပွားခဲ့သည့် အာရက္ခတပ်တော် AA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များသည် လက်ရှိအချိန် တိုက်ပွဲများ ပြင်းထန်နေပြီး ယင်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာသူ ၈ သိန်းပါး ရှိနေကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း လမ်းကြောင်းများ ပိတ်ဆို့ထားမှုကြောင့် ကုန်စည်များ အပါအဝင် စားသုံးဆီ၊ စက်သုံးဆီများလည်း အဆမတန် ဈေးမြင့်တက်နေပြီး ဆေးဝါးများမှာလည်း အားလုံးနီးပါး ပြတ်တောက် နေကြောင်း ဒေသခံများက ပြောဆိုသည်။

UNDP ၏ ၂၀၂၃ ခုနှစ် နှင့် ၂၀၂၄ ခုနှစ် အတွင်း ရခိုင်ပြည်တစ်ဝန်း ကောက်ယူထားသော အချက်အလက်များအရ ပြည်တွင်း ပြည်ပကုန်သွယ်မှုအားလုံး ရပ်ဆိုင်းလုနီးပါး ဖြစ်နေသည့်အတွက် ပြည်နယ်၏ လူဦးရေ ၉၅ ရာခိုင်နှုန်းလောက်သည် အန္တရာယ်ကျရောက်နိုင်ကြောင်း UNDP က ထောက်ပြပြောဆိုသည်။

ရခိုင်ပြည်တွင် စားနပ်ရိက္ခာ ဖူလုံစေရန် အတွက် ၂၀၂၅ ခုနှစ်တွင် အနည်းဆုံး ဆန်တန်ချိန် ၃၇၂၀၀၀ လိုအပ်နေပြီး ကုန်ပစ္စည်း ဝင်ရောက်ခွင့်ရရှိရန် လက်ရှိကန့်သတ်ချက်များ အားလုံး ရုတ်သိမ်းပေးရန် လိုအပ်ကြောင်း၊ ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်စည်စီးဆင်းရေး ကောင်းမွန်ရန် အကူအညီပေးရေး လုပ်သားများကို လွတ်လွတ်လပ်လပ် ဝင်ရောက်ခွင့်ပြုရန်နှင့် ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက အာမခံရန်လိုကြောင်း UNDP က တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article