29 C
Yangon

မင်းတပ်မြို့သိမ်း တိုက်ပွဲစတင်နေပြီး စစ်တပ်က ပြည်သူပိုင်နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေသည့်အပြင် လေကြောင်းမှလည်း အပြင်းအထန် ဗုံးကျဲနေ

Must read

မင်းတပ်မြို့သိမ်း တိုက်ပွဲစတင်နေပြီး စစ်တပ်က ပြည်သူပိုင်နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေသည့်အပြင် လေကြောင်းမှလည်း အပြင်းအထန် ဗုံးကျဲနေ

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်း တိုက်ပွဲ စတင်နေပြီး အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီး၍ လေကြောင်းဖြင့် အပြင်းအထန် ဗုံးကျဲ ခုခံနေကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့မှ စ၍ မင်းတပ်ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများတွင် ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်း ဖက် စစ်ကောင်စီ တပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ယင်းနေ့ နံနက် ၉ နာရီခန့်မှ စတင်၍ မင်းတပ်မြို့ ရဲစခန်းရှေ့ ခေါနူးရိပ်သာ အနီးတစ်ဝိုက်၊ ဆောက်လုပ်ရေးလမ်းခွဲ ကားလမ်းမဘေး နှင့် ဆောက်လုပ်ရေးဝင်း အတွင်းရှိ ပြည်သူပိုင် နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲစတင်ဖြစ်ပွားသည့် နံနက်ပိုင်းမှ စ၍ ညပိုင်းအထိ ဆက် တိုက် ဗုံးကျဲ တိုက်ခိုက်နေပြီး မြို့ပေါ်နေ ပြည်သူအားလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေရကြောင်း သိရသည်။

“မြို့ပေါ်မှာ တိုက်ပွဲဖြစ်နေပါတယ်။ လောလောဆယ် မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေး စနေပါတယ်။ မြို့ပေါ်မှာ တောက်လျှောက် တိုက်ပွဲတွေ ဖြစ်နေပါတယ်။ အဲတာကြောင့် စစ်ခွေးတွေကလည်း ထွက်လို့နေရတဲ့ နေရာတွေက ထွက်လာပြီးတော့ တချို့အိမ်တွေကို မီးလိုက်ရှို့နေတာပါ။ မြို့ပေါ်မှာ တောက် လျှောက် တိုက်ပွဲဖြစ်ပါတယ်။ လေယာဉ်တွေကတော့ ဆက်တိုက်ကို ဗုံးကျဲနေတာ” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ပြောဆိုသည်။

ဓာတ်ပုံ – စစ်တပ်၏ မီးရှို့မှုကြောင့် မီးလောင်နေသော မင်းတပ်မြို့။

Photo Credit- Ĥkl Mindat

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article