24 C
Yangon

တော်လှန်အနုပညာရှင် မင်းမော်ကွန်း ဦးဆောင်ပါဝင်နေသည့် “ဖြတ်” ရုပ်ရှင်ဇတ်ကားကို အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံးအကြိမ်အဖြစ် ပွဲဦးထွက်ပြသ၊ အမေရိကန်ဒေါ်လာ ၃ သောင်းနီးပါး ရရှိ

Must read

တော်လှန်အနုပညာရှင် မင်းမော်ကွန်း ဦးဆောင်ပါဝင်နေသည့် “ဖြတ်” ရုပ်ရှင်ဇတ်ကားကို အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံးအကြိမ်အဖြစ် ပွဲဦးထွက်ပြသ၊ အမေရိကန်ဒေါ်လာ ၃ သောင်းနီးပါး ရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၀

တော်လှန်အနုပညာရှင် မင်းမော်ကွန်း ဦးဆောင်ပါဝင်နေသည့် “ဖြတ်” ရုပ်ရှင်ဇတ်ကားကို အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံးအကြိမ်အဖြစ် ပွဲဦးထွက်ပြသခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ သောင်းနီးပါးရရှိကြောင်း ပွဲစီစဉ်သူများထံမှ သိရှိရသည်။

အဆိုပါရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ စောအေးထူး စီစဉ်တင်ဆက်ပြီး အမေရိကန်တွင် ပြသသော ” ဖြတ် ” ရုပ်ရှင်ဇာတ်ကားသည် တစ်ကမ္ဘာလုံးဆိုင်ရာ ပထမဦးဆုံး ပွဲဦးထွက် အနေဖြင့် နယူးယောက်မြို့ တွင် နိုဝင်ဘာလ ၉ ရက်​နေ့တွင် ပထမဆုံး စတင်ပြ​သခဲ့ကြောင်း/ အမေရိကန်ဒေါ်လာ ၂၉၀၀၀ ရန်ပုံငွေရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရုပ်ရှင်ဇတ်ကားကို ပွဲစဥ် ၂ ခုဖြင့် စီစဥ်ပြသသွားပြီး ပထမ ပွဲကို မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်တွင်လည်းကောင်း နှင့် ဒုတိယပွဲကို မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်တွင်လည်းကောင်း နယူးယောက်မြို့ရှိ Walter W.Brige lll Theater ၌ Helping Hands for Burma- H2B မှ စီစဥ်ပြသခဲ့ကြောင်း ၊ရုပ်ရှင်နှင့်ပတ်သက်သော အမှတ်တရပစ္စည်း လေလံတင်ခြင်း ပစ္စည်း များ အပြင် မြန်မာအစားစားများ လည်း ရောင်းချခဲ့ကြောင်း သိရှိရသည်။

ရုပ်ရုင်ပွဲအပြီး အနုပညာရှင် ကိုမင်းမော်ကွန်း ကိုအောင်မြင့်မြတ် ကိုထက်မြတ် ကိုအိုင်း​ဇက် တို့ကိုယ်တိုင် အွန်လိုင်းမှတဆင့်ပရိသတ်များနှင့်တွေဆုံနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း နှင့် နယူးယောက်မြို့ ရှိ မြန်မာပြည်ပွား ညီအကိုမောင်နှမ များ ၃၀၀ ကျော် အားပေးခဲ့ကြကြောင်း၊ ရရှိသော ရန်ပုံငွေအားလုံးကို တော်လှန်ရေးအတွက် လိုအပ်သော နေရာများသို့ တိုက်ရိုက် လှူဒါန်းသွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article