21 C
Yangon

တအာင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်ရန် ကျန်းမာရေး CDMers များနှင့် Non-CDM မဟုတ်သော ကျန်းမာရေးတတ်သိပညာရှင်များကို ဖိတ်ခေါ်

Must read

တအာင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်ရန် ကျန်းမာရေး CDMers များနှင့် Non-CDM မဟုတ်သော ကျန်းမာရေးတတ်သိပညာရှင်များကို ဖိတ်ခေါ်

ရန်ကုန်၊ နိုဝင်ဘာ ၁၁

တအာင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ကျန်းမာရေး CDMers များနှင့် Non-CDM မဟုတ်သော ကျန်းမာရေးတတ်သိပညာရှင်များကို ဖိတ်ခေါ်ကြောင်း Medical Family Mandalay (MFM) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိတွင် တအာင်းပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုများကို တအာင်းပြည်ကျန်းမာရေးကောင်စီ (THC)သည် မန္တလေး (MFM)၊ နွေဦးတော်လှန်ရေး၏ မိတ်ရင်းကျန်းမာရေး တတ်သိပညာရှင်များ၊ ကျန်းမာရေး CDMers များနှင့်အတူ လက်တွဲ၍ လည်ပတ်လျက်ရှိသော်လည်း ကျန်းမာရေးဝန်ထမ်းအင်အားများ များစွာ လိုအပ်လျက် ရှိနေသေးကြောင်း သိရှိရသည်။

“တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်ဖို့လည်း ဆန္ဒရှိမယ် ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းမှုအတတ်ပညာနဲ့လည်းတော်လှန်ရေးကိုကူညီချင်တယ်ဆိုရင် တအာင်းပြည်ကိုလာရောက်ကူညီဖို့ဖိတ်ခေါ်ချင်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေအတွက် ချီးမြှင့်ငွေက တစ်လကို အများဆုံးချီးမြှင့်တာက ၉သိန်းပါ။ အနိမ့်ဆုံး ချီးမြှင့်တာက ၄၅၀,၀၀၀ ပါ။ နေစရာစီစဉ်ပေးပါတယ်။ လာမယ်ဆို ခရီးစရိတ်ကျခံပေးပါ့မယ်”ဟု Medical Family Mandalay (MFM) မှ တာဝန်ရှိသူက ပြောဆိုသည်။

တအာင်းပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ရန်အတွက် ကျန်းမာရေး CDMers များ၊ Non-CDM မဟုတ်သော ကျန်းမာရေးတတ်သိပညာရှင်များကိုသာ ဖိတ်ကြားထားခြင်းလည်း ဖြစ်သည်။

တအာင်းပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံနိုင်သော ကျန်းမာရေးယန္တရား တည်ဆောက်နိုင်ရန်အတွက် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA) နှင့်လက်တွဲ၍ တအာင်းပြည်နယ်အတွင်းရှိ ဆေးရုံ၊ ဆေးခန်းများနှင့် ကျန်းမာရေးဌာနများ၌ တာဝန်ထမ်းဆောင်လိုပါက google form ကို ဖြည်သွင်း၍လည်းကောင်း၊ Telegram Channel ကို ချိတ်ဆက်မေးမြန်း၍ လည်းကောင်း၊ THC Email ကို ဆက်သွယ်၍သော်လည်းကောင်း လျှောက်ထားနိုင်ကြောင်း တအာင်းပြည်ကျန်းမာရေးကောင်စီ (THC)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Google form link – ►//docs.google.com/forms/d/e/1FAIpQLSf74wP9l4fmstVqLrB0136MgH ZVnAFV3RQgSCnsCqw/viewform?usp=sf link

Email – [email protected]

Facebook – https://www.facebook.com/profile.php?id=61564954666308…

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article