32 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ ၄ လတာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်သား ၅၃ ဦး သေပြီး စစ်ရဟတ်ယာဉ် ၁ စီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သလို စစ်ကောင်စီတပ်သား ၁၇ ဦးလည်း အလင်းဝင် ရောက်ခဲ့ပြီး လက်နက် ၅၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ CDF – Hakha မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စဉ့်ကူးမြို့နယ်စစ်ဆင်ရေးမှာ ပျူစောထီး ၁၀၀ ဦးခန့်ကို အလင်းဝင်ဖို့ စည်းရုံးသိမ်းသွင်းနိုင်ခဲ့တဲ့ အမှတ် ၁၂၂၂ တပ်ရင်း တပ်ရင်းမှူး “ဒိုလေး” ကို အမှတ်၁၂၂၂ တပ်ရင်းက “စစ်ရေးဗျူဟာထူးချွန်ဆု” ပေးအပ် ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
  • မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ထုတ်နေတဲ့ မြန်မာပြည်သူတွေကို အမေရိကန် သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရတဲ့ သမ္မတလောင်းထရမ့်နဲ့ အမေရိကန်ပြည်သူတွေက ထောက်ခံ အားပေးဖို့ ယုံကြည်မျှော်လင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article