30 C
Yangon

မြ၀တီတွင် အိန္ဒိယနိုင်ငံသား Shaik Ashraf လူကုန်ကူးခံရပြီး အွန်လိုင်းငွေလိမ်သည့် ကျားဖြန့် အလုပ် လုပ်ကိုင်ရန် ငြင်းဆန်မှုဖြင့် ညှဉ်းပန်းနှိပ်စက်ခံနေရ၊ အိန္ဒိယနိုင်ငံသား ၇၀ ဦးခန့် မြ၀တီတွင် လှောင်ပိတ်ခံထားရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

အိန္ဒိယနိုင်ငံသား Shaik Ashraf သည် ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နယ်ရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်လည်ဂိုဏ်းတစ်ခုထံတွင် လူကုန်ကူးခံရပြီး အွန်လိုင်းငွေလိမ်ရေး အလုပ်လုပ်ကိုင်ရန် ငြင်းဆိုမှုဖြင့် ညှဉ်းပန်းနှိပ်စက်ခံနေရကြောင်း The Time of India အပါအဝင် အိန္ဒိယသတင်းဌာနတချို့၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

အသက် ၃၆ နှစ်အရွယ် အိန္ဒိယနိုင်ငံသား Shaik Ashraf သည် ဟိုက်ဒရာဘက်မြို့မှ ဖြစ်ပြီး ဒူဘိုင်းသို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ ယင်းနောက် ဒူဘိုင်းရှိ ခရီးသွားအေဂျင်စီတစ်ခုမှ တရုတ်တစ်ဦးနှင့်တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံအတွင်းရှိ သတင်းအချက်အလက် IT နည်းပညာကုမ္ပဏီတစ်ခုတွင် အလုပ်ပေးမည်ဟု ပြောဆိုလာကြောင်း၊ ထို့ကြောင့် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ဒူဘိုင်းမှ ဘန်ကောက်မြို့သို့ အလုပ်လုပ်ရန် လာရောက်ခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိသောအခါ အိန္ဒိယနိုင်ငံသား Shaik Ashraf ကို အေဂျင်စီတစ်ခုက လာရောက်ကြိုဆိုပြီး ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့သို့ ခေါ်ဆောင်လာကြောင်း၊ ယင်းနောက် မြန်မာနိုင်ငံဘက်ခြမ်းသို့ လှေဖြင့် ခေါ်ဆောင်သွားကြောင်း၊ မြ၀တီဘက်သို့ ရောက်သောအခါ အွန်လိုင်းငွေလိမ်လည်သည့် ကုမ္ပဏီက အိန္ဒိယနိုင်ငံသား Shaik Ashraf ကို အွန်လိုင်းမှတစ်ဆင့် ငွေများ လိုက်လံလိမ်လည် ခိုင်းကြောင်း၊ သို့ရာတွင် အိန္ဒိယနိုင်ငံသား Shaik Ashraf က ထိုသို့ လုပ်ဆောင်ရန် ငြင်းဆန်သဖြင့် ညှဉ်းပန်းနှိပ်စက်ခံရကြောင်း၊ ဖြစ်စဉ်များကို အိန္ဒိယနိုင်ငံသား Shaik Ashraf က တယ်လီဖုန်းမှတစ်ဆင့် မိသားစုထံသို့ ဆက်သွယ်ပြောဆို၍ အကူအညီတောင်းလာကြောင်း သိရှိရသည်။

မြ၀တီတွင် အိန္ဒိယနိုင်ငံ၊ Telangana ပြည်နယ်နှင့် အခြားပြည်နယ်များမှ လူငယ် ၇၀ ဦးဝန်းကျင် ကုမ္ပဏီတစ်ခုတည်းတွင် ပိတ်မိနေကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံသား Shaik Ashraf ၏ မိသားစုက အိန္ဒိယအစိုးရကို Shaik Ashraf အား အချိန်မီ ကယ်ဆယ်နိုင်ရန်နှင့် အိန္ဒိယနိုင်ငံသို့ ပြန်လာ နိုင်ရေး ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။

ဓာတ်ပုံ – မြ၀တီတွင် လူကုန်ကူးခံရပြီး ညှဉ်းပန်းနှိပ်စက် ပိတ်လှောင်ခံထားရသည့် Shaik Ashraf ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မြ၀တီတွင် လူကုန်ကူးခံရပြီး ညှဉ်းပန်းနှိပ်စက် ပိတ်လှောင်ခံထားရသည့် Shaik Ashraf
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article