24 C
Yangon

ဇီးကုန်းမြို့အနီးရှိ သပြေသာရွာသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ အနီးရှိ သပြေသာရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်အချိန် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက သပြေတောရွာသို့ ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် သပြေတောရွာရှိ ပြည်သူပိုင် နေအိမ် ၅ လုံးမီးလောင်ပြာကျခဲ့ပြီး စစ်တပ်က ဒုတိယအကြိမ် ဝင်ရောက် စီးနင်းမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ပြည်သူများ ဖမ်းဆီးခံရမှု ရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“ဇီးကုန်းမြို့ကနေ ထွက်လာသော အကြမ်းဖက် စစ်သားနဲ့ ပျူစောထီးတွေက ဒုတိယအကြိမ် ထပ်မံ ဝင်ရောက် မီးရှို့ဖျက်ဆီးသွားတာပါ။ ပြည်သူပိုင် နေအိမ် ၅ လုံး မီးလောင် ပြာကျသွားတယ်လို့သိရတယ်။ ပြည်သူတွေ ထိခိုက်မှုရှိမရှိတော့ အတည်မပြုနိုင်သေးဘူး” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် ဇီးကုန်းမြို့ထဲသို့ ပြန်လည် ဝင်ရောက်သွားကြောင်းသိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article