33 C
Yangon

မကွေးမြို့နယ်၊ ကျောက်ပစ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်ဦးက KPDF အဖွဲ့ဝင်၏ အစ်မဖြစ်သူကို မုဒိမ်းပြုကျင့်မှု အမှုဖွင့်မရ၊ လူငယ်များကိုပေါ်ဆွဲပြီး ငွေခြိမ်းခြောက်တောင်းမှုများလည်း ကျူးလွန်နေ

Must read

မကွေးမြို့နယ်၊ ကျောက်ပစ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်ဦးက KPDF အဖွဲ့ဝင်၏ အစ်မဖြစ်သူကို မုဒိမ်းပြုကျင့်မှု အမှုဖွင့်မရ၊ လူငယ်များကိုပေါ်ဆွဲပြီး ငွေခြိမ်းခြောက်တောင်းမှုများလည်း ကျူးလွန်နေ

ရန်ကုန်၊ နိုဝင်ဘာ ၁၆

မကွေးတိုင်း၊ မကွေးမြို့နယ်၊ ယင်းသာစည်ကျေးရွာအုပ်စု၊ ကျောက်ပစ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်ဦးက KPDF အဖွဲ့ဝင်တစ်ဦး၏ အစ်မဖြစ်သူကို မုဒိမ်းပြုကျင့်ခဲ့ပြီး ယင်းသို့ မုဒိမ်းပြုကျင့်မှုအတွက် အမှုဖွင့်ရန် ကြိုးစားသော်လည်း အမှုလုပ်မရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မကွေးမြို့နယ်၊ ယင်းသာစည်ကျေးရွာအုပ်စု၊ ကျောက်ပစ်ကုန်းကျေးရွာမှ မောင်သန်းဌေးအောင်သည် KPDF တပ်ဖွဲ့အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်သွားမှုကို ကျေးရွာအုပ်ချုပ်ရေးမှူး ကျော်ဦးက သိရှိသွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်၏ အစ်မဖြစ်သူကို ၎င်း၏ မောင်ကိစ္စ အကြောင်းပြ၍ ခြိမ်းခြောက် မုဒိမ်းပြုကျင့်ခဲ့ကြောင်း၊ ယင်းသို့ ပြုကျင့်မှုအတွက် ကာယကံရှင် မိသားစုက အမှုဖွင့်ရန် ကြိုးစားသော်လည်း အမှုဖွင့်မရဖြစ်နေကြောင်း သိရှိရသည်။

” KPDF ထဲ ဝင်သွားတဲ့သူရဲ့ အစ်မဖြစ်သူ မ——— ကို စက်ချုပ်သင်တန်းတက်ရမယ်၊ လိုက်ပို့မယ်ဆိုပြီး အုပ်ကြီးကျော်ဦးက မုဒိမ်းပြုကျင့်ပါတယ်။ အဲဒီအမှုကို အမှုဖွင့်ဖို့ လုပ်ပေမယ့် ဖွင့်မရပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မကွေးမြို့နယ် ယင်းသာစည်အုပ်စုတွင်လည်း အုပ်ချုပ်ရေးမှူး ကျော်ဦးက စစ်မှုထမ်းရန်အတွက် လူငယ်များကို စစ်တပ်နှင့်ပူးပေါင်း၍ ဖမ်းဆီးမှုများ၊ ငွေကြေး ခြိမ်းခြောက်တောင်းခံမှုများကိုလည်း ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများက ဆိုကြသည်။

“ကျေက်ပစ်ကုန်းကျေးရွာမှာ လူငယ်တွေကို စစ်တပ်နဲ့အုပ်ကြီးပေါင်းပြီး ဖမ်းတယ်။ ငွေညှစ်တယ်။ လစဉ် ငွေကောက်တယ်။ စားဝတ်နေရေး မပြေလည်ပေမယ့် သူ့ကို လစဉ် ငွေပေးနေရတယ် ။ အုပ်ကြီးကျော်ဦးက စစ်မှုထမ်းအပတ်စဥ် ၃ အတွက် ငွေကျပ်သိန်း၉၀ ပေးရမယ်ဆိုပြီး ခြိမ်းခြောက်တောင်းပြီးကတည်းက တောက်လျှောက် ငွေတောင်းနေတာ။ အခုအပတ်စဉ်အတွက်လည်း ငွေမပေးရင် အရေးယူခံရမယ်ဆိုပြီး သေနတ်ဖောက်တယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ယခု စစ်မှုထမ်းအပတ်စဥ် ၇အတွက်လည်း စစ်မှုထမ်းရန် လူမပေးနိုင်လျှင်သော်လည်း ကောင်း၊ ငွေကြေး မပေးနိုင်လျှင်သော်လည်း ကောင်း အရေးယူမည်ဟု သေနတ်များပစ်ဖောက် ခြိမ်းခြောက်သဖြင့် ပြည်သူများမှာ ထိတ်လန့် ကြောက်ရွံ့နေရကြောင်း ဒေသပြည်သူများက ဆိုကြသည်။

မကွေးတိုင်း၊ မကွေးမြို့နယ်၊ ကျောက်ပစ်ကုန်းကျေးရွာသည် NLD ပါတီထောက်ခံသော အမာခံ ကျေးရွာတစ်ခုဖြစ်သည့်အတွက် စစ်တပ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ဖိနှိပ်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- NLD ပါတီကို အမာခံထောက်ခံသော မကွေးမြို့နယ်၊ ကျောက်ပစ်ကုန်းကျေးရွာ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article