29 C
Yangon

လောင်းလုံးတွင် စစ်တပ်စခန်းများဖြစ်သော မိုက်ခရိုဝေ့တာဝါတိုင်၊ စီမံကိန်း ရုံး တို့ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၃ ဦးသေဆုံးဟုဆို

Must read

လောင်းလုံးတွင် စစ်တပ်စခန်းများဖြစ်သော မိုက်ခရိုဝေ့တာဝါတိုင်၊ စီမံကိန်း ရုံး တို့ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၃ ဦးသေဆုံးဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၆

တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းများ ဖြစ်သော မိုက်ခရို ဝေ့တာဝါတိုင်စခန်း နှင့် စီမံကိန်းရုံးတို့ရှိ စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၅ ရက်နေ့ ကျောက်နီမော်ကျေးရွာအောက်ပိုင်းအောက်ကျောက်ဝပ် ၊ ညောပြင်ကျေး ရွာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ကျော်ခန့် စစ်ကြောင်းထိုးဆင်းခဲ့သဖြင့် နိုဝင်ဘာလ ၆ ရက်နေ့တွင် မိုက်ခရိုဝိတ်တာဝါတိုင်စခန်းကို လည်းကောင်း ၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စစ်တပ်စခန်းချရာ စီမံကိန်း ရုံးကို လည်ကောင်း လောင်းလုံး PDF က အသီးသီး ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“၃ ဦးသေတယ်လို့ သတင်းရထားတယ်၊ သေချာခိုင်လုံအောင်တော့ ထပ်စုံစမ်းနေတုန်းပါ။ ကျောက်နီ မော်မှာက စခန်း ၃ ခုခွဲပြီး နေကြတယ်။ မိုက်ခရိုဝိတ်တာဝါတိုင်စခန်း၊ ကျောက်နီမော် ဘုရားကုန်း စခန်း၊ စီမံကိန်းစက်ရုံစခန်း တွေနဲ့ ပင်လယ်ထဲမှာလည်း စစ်သင်္ဘောတစ်စီး အမြဲရှိတယ်။ တိုက်ခိုက်မှု အပြီးမှာတော့ အင်အားထပ်ဖြည့်တာမရှိသေးဘူး။ ဒီနေ့မနက်ပိုင်းမှာတော့ လောင်းလုံးအပေါ်ရှိ သံပုံ တောင်စခန်းကနေ အင်အား ၂၀ လောက် မင်းရပ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးထွက်လာတာ တော့ရှိတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုများကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၊ ထားဝယ်ခရိုင် ဒရုန်းစစ်ဆင်ရေးအဖွဲ့ ၊ ဖယ်ဒရယ်ဓူဝံပြောက်ကျားတပ်ဖွဲ့ ၊ YPPDF နှင့် နွေဦးပြောက်ကျားတပ်ဖွဲ့တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article