28 C
Yangon

ကျွန်းလှမြို့နယ်၊ လိပ်ဆင်းတောင်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ မှု ကားဝပ်ရှော့ဆိုင်ပေါ် ကျရောက် ပေါက်ကွဲပြီး ပြည်သူ ၁ ဦး သေဆုံး

Must read

ကျွန်းလှမြို့နယ်၊ လိပ်ဆင်းတောင်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ မှု ကားဝပ်ရှော့ဆိုင်ပေါ် ကျရောက် ပေါက်ကွဲပြီး ပြည်သူ ၁ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ လိပ်ဆင်းတောင်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ကားဝပ်ရှော့ဆိုင်ပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် ကျွန်းလှမြို့နယ်၊ လိပ်ဆင်းတောင်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကားဝပ်ရှော့ဆိုင်ပေါ် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ဝပ်ရှော့ဆိုင်ရှိ ကားများနှင့် ဗုံးပေါက်ကွဲရာ အနီးပတ်ဝန်းကျင် နေအိမ် ၃ လုံးလည်း လုံး၀ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ အကြောင်းမဲ့ ဗုံးကျဲချသွားတာ။ Y-12 လေယာဉ်က အရင်ကင်းထောက်ပြီးတော့မှ ဂျက်ဖိုက်တာက ကျဲချသွားတာ ဝပ်ရှော့ဆိုင်က ကားတွေနဲ့ နေအိမ် ၃ လုံး ပျက်စီးသွားတယ်။ အမျိုးသား ၁ ဦးလည်း သေဆုံးတယ်လို့ သိရတယ်” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

အလားတူ နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ကျွန်းလှမြို့နယ်ရှိ ရွာကုန်းကြီးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ပိုင်နေအိမ် ၃ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article