34 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ကြီးစိုးနေတဲ့ဒေသတွေကို စက်သုံး လောင်စာဆီတွေ လုံး၀မရောက်ရှိစေဖို့ ဆီအရောင်းဆိုင်တွေနဲ့ ကုမ္ပဏီတွေကို စစ်ကောင်စီက စည်းကမ်း ချက်နဲ့ အမိန့်တွေ ချမှတ်ပြီး အထူးတင်းကျပ်မှုတွေ လုပ်ဆောင်လာတယ်လို့ စက်သုံးဆီအရောင်းဆိုင်တွေနဲ့ ဆီကိုယ်စားလှယ်တွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။

-ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အလည်အပတ် PV နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပထွက်မယ့် လူငယ်တချို့ရဲ့ မိုဘိုင်းလ်ဖုန်းတွေကို စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးအဖွဲ့တချို့က စစ်ဆေး ပြီးနောက် မိသားစုကို နှုတ်ဆက်ကန်တော့နေတဲ့ ဓာတ်ပုံပါတယ်ဆိုပြီး လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ လေဆိပ်ကနေ ပြန်လွှတ်လိုက်တယ်လို့ ပြန်လွှတ်ခံရတဲ့လူငယ်အမျိုးသားတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ရှမ်းပြည်နယ်၊ နောင်ချိုမြို့ တိုက်ပွဲမှာ ခမရ ၂၁၃ တပ်ရင်းမှူး ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် တပ်သားအများအပြားသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိ ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article