27 C
Yangon

ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီး

Must read

ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီးသွားကြောင်း 1007 Mobye PDF 2 သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၈ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဖယ်ခုံမြို့နယ်၊ လအိကျေးရွာအနီးရှိ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၁ ကြိမ်၊ ပေါင် ၂၀၀ ရှိ ဗုံး ၂ ကြိမ် စုစုပေါင်း ဗုံး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်ပြည်သူများ ထိခိုက်မှုရှိပြီး ဘန်ကောက်စစ်ဘေးရှောင်စခန်းနှင့် ၎င်း အနီးတဝိုက်ရှိ နေအိမ်နှင့် ဘုရားကျောင်းတို့ ထိခိုက် ပျက်စီးခဲ့‌ကြောင်း သိရသည်။

“ပြည်သူတွေထိခိုက်မှုကရှိတယ်။ အသေးစိတ်မသိရဘူး။ တိုက်ပွဲမရှိဘဲနဲ့ ဗုံးကျဲသွားတာပါ။ လေ ယာဉ်တွေက သုံးလေးရက် တစ်ခါ ပျံနေကြဆိုတော့ မိဘပြည်သူတွေအနေနဲ့ သတိဝီရိယနဲ့ နေကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု 1007 Mobye PDF 2 သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါဘန်ကောက်စစ်ဘေးရှောင်စခန်းကို ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ်နှင့်အမျိုးသမီးများ အပါ အဝင် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် စစ်ဘေးရှောင်ပြည်သူအများစုသည် ဘေးလွတ်ရာကို ပြောင်းရွှေ့နေ ထိုင်ခဲ့ကြသော်လည်း ပြောင်းရွှေ့ရန် ခက်ခဲသူများမှာ ကျန်ရှိ နေဆဲဖြစ်ကြောင်း၊ လက်ရှိ ကုန် စျေးနှုန်းအဆမတန်မြင့်တက်မှုကြောင့် စားဝတ်နေရေး၊ ဆေးဝါး စသော လူထု၏အခြေခံစားသောက် ကုန်များ ဝယ်ယူရန်အခက်အခဲများဖြင့် ရင်ဆိုင်နေကြရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article