32 C
Yangon

ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီခန့်အချိန် ထားဝယ်မြို့နယ်ရှိ ရွှေဂူ ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးများသည် ရှင်မုတ္ထီးရွာကို ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၁၉ နှစ်အရွယ် မချစ်မိုးဆွေနှင့် အမျိုးသမီး ၁ ဦးတို့ သေဆုံးကာ ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ရွှေဂူဂိတ်ကို တော်လှန်ရေးတပ်တွေ လာပစ်ပြီး ဆုတ်သွားတဲ့အချိန်မှ စစ်ခွေးတွေက အနီးအနားက ရွာတွေကို လက်နက်ကြီးနဲ့ လှမ်းပစ်လို့ ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး သေဆုံးခဲ့သည့် အသက် ၁၉ နှစ်အရွယ် မချစ်မိုးဆွေ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး သေဆုံးခဲ့သည့် အသက် ၁၉ နှစ်အရွယ် မချစ်မိုးဆွေ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article