33 C
Yangon

မိထ္တီလာတွင် ရှမ်းတဲလေတပ်စခန်းနှင့် တပ်ရင်းများ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ အရှိန်အဟုန်တိုးမြှင့်လုပ်လာ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

မန္တလေးတိုင်း၊ မိထ္တီလာမြို့နယ်တွင် ရှမ်းတဲလေတပ်စခန်းနှင့် တပ်ရင်းများ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ အရှိန်အဟုန်တိုးမြှင့်လုပ်လာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၄ နာရီ အချိန် မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် အခြေပြုထားသည့် အမှတ် ၁၀ တပ်မတော် အကြီးစားစက်ရုံရှိ အရာရှိရိပ်သာ၊ ရှမ်းတဲလေကြောင်းအတတ်သင် လေတပ်စခန်းရှိ အရာရှိအိမ်ရာများ၊ ခဲယမ်းသိုလှောင်ရုံ၊ လေယာဥ်ပြင်ဆင်ထုတ်လုပ်ရေးဌာနချုပ်ရှိ အရာရှိရိပ်သာများ၊ ရေဒါစခန်းနှင့်အမှတ် ၉၉ ခြေမြန် တပ်မဌာနချုပ်အပါအဝင် စစ်ရေးဆိုင်ရာ ပစ်မှတ် ၇ ခုကို ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နေ့စဉ်တိုင်း စစ်တပ်က မိတ္တီလာမြို့ ပြင်ပတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လာကြောင်း သိရှိရသည်။

“မိတ္ထီလာမြို့မှာ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်မှာ ပေါ်တာဆွဲတာတွေ ခပ်စိပ်စိပ်ဖြစ်နေတယ်။ အထူးသဖြင့် ရွာဘက်တွေမှာ ဖြစ်ပေါ်နေတာပါ။ မြို့အထွက်ဘက်ကရွာတွေမှာ။ နေ့ခင်းပိုင်းရော ညပိုင်းရော လူငယ်တွေကို ဝင်ဆွဲတာ။ လူငယ်တွေ ၃ ဦး၊ ၄ ဦး ပါသွားတယ်။ ပါသွားတဲ့ အရေအတွက်ကလည်း တဖြည်းဖြည်းများလာပါတယ်” ဟု မိထ္တီလာမြို့မှ ပြည်သူတစ်ဦးက ဆိုသည်။

စစ်တပ်နှင့်ပျူစောထီးများက ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်များထိုင်နေသော လူငယ်များကို ဝင်ရောက် ဖမ်းဆီး ပေါ်တာဆွဲနေခြင်းဖြစ်ပြီး ငွေကြေးတတ်နိုင်သူများကိုမူ အနည်းဆုံး ငွေကျပ် သိန်း ၆၀ မှ သိန်း ၁၀၀ အကြား တောင်းယူ ပြန်လွှတ်ပေးနေကြောင်း သိရှိရသည်။

” လက်ဖက်ရည်ဆိုင်နဲ့ ဘီယာဆိုင်တွေမှာလည်း အရပ်ဝတ်တွေနဲ့ ဝင်ဆွဲခေါ်တယ်။ ဖမ်းဆီးခံရတဲ့လူငယ်တွေကို အိမ်တွေကို ဖုန်းဆက်ခိုင်းတယ်။ ပြန်ရွေးချင်ရင် သိန်း ၆၀ အနည်းဆုံးကနေ သိန်း ၁၀၀ အထိ ငွေကြေးတတ်နိုင်မှုအပေါ်မှာ မူတည်ပြီးတော့ ပြန်ရွေးရတယ်” ဟု ဖမ်းဆီးခံလူငယ်တစ်ဦး၏ မိဘဆွေမျိုးတစ်ဦးက ရှင်းပြသည်။

မိထ္တီလာပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေသဖြင့် ပြည်သူများ သတိထားကြရန် သတိပေးချက်တစ်ရပ်ကို ယနေ့ တရားဝင် ထုတ်ပြန် ကြေညာထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article