26 C
Yangon

တောင်သာတွင် ဆိုင်ကယ်ဖြင့် ကင်းပတ်ရန် ထွက်လာသည့် ပျူစောထီးများကို တိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တလိုင်းရပ်ပျူစောထီးရွာမှ ဆိုင်ကယ် ၂ စီးဖြင့် ကင်းပတ်ရန် ထွက်လာသည့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၈၁၅ တပ်ဖွဲ့ PLA (အနောက်မြောက်စစ်ဒေသ) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် တောင်သာမြို့နယ်၊ တလိုင်းရပ် (ရွာသစ်) ပျူစောထီးရွာမှ ကင်းပတ်ရန် ထွက်လာသော ပျူစောထီးများကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၈၁၅ တပ်ဖွဲ့ (အ​နောက်မြောက်စစ်ဒေသ) မှ တော်လှန်ရေး တပ်ဖွဲ့များက တလိုင်းရပ် (ရွာသစ်) ပျူစောထီးရွာ အတွင်းထိ ကင်းပုန်းဝပ်နေရာယူပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး ပျူစောထီး ခေါင်းဆောင် ကျော်မင်းထူး၏ အလောင်းအပါအဝင် အလောင်း ၂ လောင်း၊ type-81 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ Dayang အမျိုးအစား ဆိုင်ကယ် ၁ စီး၊ ၇.၆၂ ကျည်၂၀ တောင့်၊ ကာဘိုင်ကျည် ၂၁ တောင့်တို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

“တိုက်ခိုက်မှုကတော့ ဒီနေ့ဖြစ်ခဲ့တာပါ။ မနက် ၉ နာရီဝန်းကျင်လောက်က ဝင်ရောက် တိုက်ခိုက်ခဲ့တာ တလိုင်းရပ်ပျူစောထီးရွာထဲကို ဆိုင်ကယ် ၂ စီးနဲ့ ပျူစောထီး ၄ ကောင် ကင်းလှည့် လာတဲ့ အချိန် တိုက်ခိုက်ခဲ့တာ ၂ ကောင်ကတော့ ပွဲချင်းပြီးသေတယ်” ဟု အမှတ် ၈၁၅ တပ်ဖွဲ့ PLA (အနောက်မြောက်စစ်ဒေသ) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၁ ရက်နေ့ကလည်း အမှတ် ၈၁၅ တပ်ဖွဲ့ PLA (အနောက်မြောက်စစ်ဒေသ) က တလိုင်းရပ် ပျူစောထီးအထိုင်စခန်းကို ဝင်​ရောက် တိုက်ခိုက်ခဲ့ပြီး စခန်း အပါအဝင် လက်နက်ခဲယမ်း တချို့ကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article