32 C
Yangon

ထားဝယ်တွင် စစ်သား ၅ ဦးသေဆုံးခဲ့သော တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်တပ်က ပြည်သူများ၏ နေအိမ်များကို ဝင်ရောက်စီးနင်းပြီး နှင်ထုတ်နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၀

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် နိုဝင်ဘာလ ၁၈ ရက်နေ့ စစ်သား ၅ ဦးသေဆုံးခဲ့သော တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်တပ်က ပြည်သူများ၏ နေအိမ်များကို ဝင်ရောက်စီးနင်းပြီး နှင်ထုတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ ၊နံနက် ၉ နာရီ ဝန်းကျင်ခန့်အချိန် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်နှင့် ဆင်ဆိပ်ရပ်ကွက်အကြား သုံးဘီးယာဉ် အသုံးပြု၍ လမ်းကင်း ထွက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်များက ကြားဖြတ် ပစ်ခတ် တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း ၊ ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၅ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ ကျန်ရှိနေသော စစ်သားများ ထွက်ပြေးသွားကြောင်း၊ သေဆုံးသွားသော စစ်သားများထံမှ MA-1 သေ​နတ် ၃ လက်၊ MA-3 သေနတ် ၁ လက်၊ MA-2 စက်ကလေး ၁ လက်၊ ကျည်ဘောက် ၁၅ ခု၊ ခါးပတ် ၁ ခု နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်သားများက တိုက်ခိုက်မှုဖြစ်ပွားရာ အနီးအနားမှ နေအိမ်များကို ဝင်ရောက်စီးနင်း ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းအိမ်များမှ ပြည်သူများကိုလည်း ဆက်လက်နေထိုင်ခြင်းမပြုရန် နှင်ထုတ်ကြောင်း၊ နေအိမ်များမှ ဆိုင်ကယ်၊ ငွေကြေး၊ ရွှေငွေများ၊ ဖုန်းနှင့် TV များကိုလည်း စစ်သားများ ကဖြုတ်ယူ လုယက်သွားကြောင်း သိရှိရသည်။

“နောက်တစ်ခါ သူတို့လာရင် ဒီနားမှာ လူနေတာမတွေ့ချင်ဘူး။ တွေ့ရင် အကုန်ပစ်သတ်မယ်ဆိုပြီး ကြိမ်းသွားတယ်။ တိုက်ခိုက်မှုဖြစ်တဲ့နေရာနားမှာတော့ လူမနေရဲတော့ဘူး။ အကုန် ထွက်ပြေးရတာ။ ဘာမှလည်း မယူနိုင်ဘူး။ အိမ်မှာရှိတဲ့ အဖိုးတန် ရွှေ၊ ငွေ၊ လက်ဝတ်လက်စားနဲ့ ပစ္စည်းတွေအားလုံးကို စစ်သားတွေ လုယူသွားတယ်။ နောက်တစ်ခေါက် ပြန်လာခဲ့ဦးမယ်လို့လည်း ကြိမ်းသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

စစ်တပ်က ထားဝယ်မြို့နယ်အတွင်း PDF များ ဝင်ရောက်လာသည်နှင့် သတင်းပို့ကြရန်၊ သတင်းမပို့ဘဲ လက်ခံထားပါက အရေးယူမည်ဖြစ်ပြီး နေအိမ်များကိုလည်း ချိတ်ပိတ်မည်ဖြစ်ကြောင်း ၊ PDF များကို ထောက်ခံပူးပေါင်းခြင်းမလုပ်ကြရန်လည်း သတိပေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“PDF ဝင်လာတာတွေ့ရင် ချက်ချင်းသတင်းပို့ဖို့ မပို့ရင် ဒုက္ခရောက်သွားမယ်။ နေစရာ အိမ်မရှိဖြစ်သွားမယ်ဆိုပြီး ခြိမ်းခြောက်တယ်” ဟု အိမ်ရှေ့ပြင်ရပ်ကွက်မှ ပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ – နိုဝင်ဘာလ ၁၈ ရက်နေ့ စစ်သားများ လိုက်ပါသော သုံးဘီးယာဉ်ကို ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

နိုဝင်ဘာလ ၁၈ ရက်နေ့ စစ်သားများ လိုက်ပါသော သုံးဘီးယာဉ်ကို ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားနေစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article