28 C
Yangon

ဂန့်ဂေါတွင် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ် ရာရ ၊ ပြည်သူများကို ဖမ်းဆီးနှိပ်စက်မှုများကိုလည်း ခလရ ၅၀ တပ်ရင်းက လုပ်ဆောင်နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၀

မကွေးတိုင်း၊ ဂန့်ဂေါမြို့တွင် စစ်တပ်က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်နေပြီး ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်း၊ မကွေးတိုင်း၊၊ ဂန့်ဂေါမြို့ပေါ် ရှိ စစ်ကောင်စီ၏ ခလရ ၅၀ တပ်ရင်းက ဂန့်ဂေါမြို့အနောက်တောင်ဘက်ရှိ စိန်ဒူးကျေးရွာသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် စိန်ဒူးကျေးရွာမှ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရှိရသည်။

” အမျိုးသမီးတစ်ယောက် တင်ပါးကို ထိသွားတာပါ။ ညကလည်း လက်နက်ကြီးတွေနဲ့ ထုနေတာပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ နိုဝင်ဘာ ၁၈ ရက်နေ့ညပိုင်း ခလရ ၅၀ တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ စိန်ဒူးကျေးရွာသို့ လက်နက်ကြီး ၁ လုံး၊ လုံခြုံကျေးရွာအနီးသို့ လက်နက်ကြီး ၄ လုံး၊တောင်ပြင်ရွာ အနောက်တွင် လက်နက်ကြီးကျည် ၂ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ထို့အတူ နိုဝင်ဘာ ၁၆ ရက်ညနေပိုင်း ဂန့်ဂေါမြို့ ၊ ခလရ ၅၀ တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ဂန့်ဂေါမြို့အနောက်ဘက်၊ ဇဟောကျေးရွာမှ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဂန့်ဂေါမြို့ပေါ် ခလရ ၅၀ တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ဂန့်ဂေါမြို့အနီး ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းက မြို့ပေါ်မှ ပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်းများ လုပ် ဆောင်နေသည့် အဓိက တပ်ရင်းတစ်ခုဖြစ်ပြီး အောက်တိုဘာလအတွင်း ဂန့်ဂေါမြို့ပေါ်မှ ပြည်သူ ၈ ဦးကို ဖမ်းဆိးခဲ့ကြောင်း၊ ကျေးရွာများမှ မြို့ပေါ်သို့ လာသူများကိုလည်း ဖမ်းဆီး ရိုက်နှက် ညှဉ်းပန်းနှိပ်စက်မှုများ လုပ်ဆောင်နေကြောင်း၊ ခလရ ၅၀ မှ ဗျူဟာမှူး လှမျိုးထွဋ်က ဂန့်ဂေါမြို့မှ ပြည်သူ များကို လှောင်ပြောင် သတိပေးသည့် စာများ လူမှုကွန်ရက်တွင် မကြာခဏ ရေးသားလေ့ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article