ရန်ကုန်၊ နိုဝင်ဘာ ၂၀
ကိုလိုနီခေတ် ကြွေးကြော်သံဖြစ်သော ❝ မြင်းခွါတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ် ❞ ပြောကြားခဲ့သူ သခင်ဘဟိန်းသည် ကျောင်း သားခေါင်းဆောင်၊ လွတ်လပ်ရေး ခေါင်းဆောင်လည်း ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ၏အယုံကြည်ဆုံး လုပ်ဖော်ကိုင်ဖက်လည်းဖြစ်ကြောင်း၊ ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့သည် သခင်ဘဟိန်း ကျဆုံးခဲ့သည့် ၇၈ နှစ်ပြည့်တဲ့နေ့ ဖြစ်ကြောင်း သိရှိရသည်။
ယနေ့တွင် မန္တလေးမြို့ အာဇာနည်ဗိမာန်ရှိသည့် သခင်ဘဟိန်း အထိမ်းအမှတ် ကျောက်စာတိုင်ရှေ့တွင် သခင်ဘဟိန်းကို ဂုဏ်ပြုဦးညွှတ်ခြင်းနှင့်အတူ လူထုလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ကြောင်း၊ အာဇာနည်ဗိမာန်တဝိုက်တွင် စစ်တပ်က အမြဲတမ်းရှိနေသည့် နေရာတစ်ခုလည်းဖြစ်ကြောင်း သိရှိရသည်။
“မကျေနပ်သော အချက်အလက်များ လုံလောက်စွာရှိပါက သပိတ်မှောက်ခွင့်ကိုပါ မွေးရာပါအခွင့်အရေးကဲ့သို့ မှတ်ယူရမယ်” လို့လည်း ရဲဘော် သခင်ဘဟိန်းက ပြောခဲ့ဖူးပါတယ်။ သခင်ဘဟိန်း စိတ်ဓာတ်၊ သခင်ဘဟိန်း စကားအတိုင်းပဲ ကျနော်တို့တွေဟာ ဖက်ဆစ်အာဏာရူးကို “ငုံ့မခံဘဲ” နည်းလမ်းအစုံအလင်နဲ့ “တုံ့ပြန်” တိုက်ပွဲဝင်နေကြမှာပါ။ ကိုယ်တို့ရဲ့ အဓိကတာဝန်ဟာ တိုင်းပြည်ရဲ့မိဘဖြစ်တဲ့ လူထုရဲ့အကျိုးကို အမြဲတမ်း စောင့်သိရိုသေရမယ်။ အချိန်ရှိသရွေ့ ပြည်သူလူထုအကျိုးရှိစေဖို့ကို စဉ်းစားတွေးခေါ်ရမယ်။ လုပ်သမျှလုပ်ငန်းတိုင်းဟာ ပြည်သူလူထုအတွက်သာ ဖြစ်စေရမယ်။ ပြည်သူလူထုကလွဲလို့ ကိုယ်တို့မှာ ကြည့်စရာ မြင်စရာ ဘာမှမရှိဘူး” လို့ ပြောခဲ့တဲ့ ရဲဘော် သခင်ဘဟိန်းကို ယခုလှုပ်ရှားမှုနဲ့အတူ အလေးနက်ဆုံး ဦးညွှတ်လိုက်ပါတယ်” ဟု စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားခဲ့သည့် တော်လှန်ရေးရဲဘော်က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar