28 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၂ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၂၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ နောက်ဆုံးလက်ကျန် ကန်ပိုက်တီမြို့ကို KIA က သိမ်းပိုက်ပြီးတဲ့နောက် ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်က ဗိုလ်ကြီး အပါအဝင် စစ်သုံ့ပန်းတွေကို အရှင်ဖမ်းဆီးရမိထားပြီး လက်နက် ၁၀၀ ကျော်နဲ့ ဒရုန်းတွေပါ သိမ်းဆည်း ရရှိထားသလို ၊ နယ်စပ်ဂိတ် မှာတော့ KIA အလံကို လွှင့်ထူထားပြီး တရုတ်ဘက်ကတော့ နယ်စပ်ဂိတ်ကို ပိတ်ထားတယ်လို့ KIA သတင်းရင်းမြစ်က ပြောထားပါတယ်။
  • ပဲခူးတိုင်း၊ ပုတီးကုန်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီအတွက် စစ်မှုထမ်းတပ်သားသစ်တွေ လိုက်စုနေတဲ့ ရင်းတိုက်ကွင်း ကျေးရွာရာအိမ်မှုး ဌေးလွင်ဆိုသူ ပစ်ခတ်ခံရပြီး ပွဲချင်းပြီးကို သေသွားပြီလို့ ၃၆၀၁ PPDF တပ်ရင်း တာဝန်ခံ က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ဝါဒဖြန့် မြ၀တီရုပ်မြင်သံကြား အသံလွှင့်ဌာန အဆောက်အအုံကို ၄၀ မမ ဗုံးသီး ၃ လုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article