32 C
Yangon

မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာတော်သင်ဆု ဒေါ်လာ ၄၅ သန်းပေးအပ်ထားမှုကို ထရမ့်အစိုးရသစ်လက်ထက် ဦးစား ပေး ပြန်ရုပ်သိမ်းရန် အီလွန်မက် ဦးဆောင်သော အစိုးရလုပ်ငန်းစဉ်များ စိစစ်ရေးဌာနက သုံးသပ်

Must read

မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာတော်သင်ဆု ဒေါ်လာ ၄၅ သန်းပေးအပ်ထားမှုကို ထရမ့်အစိုးရသစ်လက်ထက် ဦးစား ပေး ပြန်ရုပ်သိမ်းရန် အီလွန်မက် ဦးဆောင်သော အစိုးရလုပ်ငန်းစဉ်များ စိစစ်ရေးဌာနက သုံးသပ်

ရန်ကုန်၊ နိုဝင်ဘာ ၂၅

မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအတွက် အမေရိကန်အစိုးရက ပညာတော်သင်ဆု အမေရိကန်ဒေါ်လာ ၄၅ သန်းပေးထားမှုကို ထရမ့်အစိုးရသစ်လက်ထက် ဦးစားပေး ပြန်ရုပ်သိမ်းရန် အီလွန်မက် ဦးဆောင်သော အစိုးရလုပ်ငန်းစဉ်များ ပြန်လည်စိစစ်ရေးဌာနက သုံးသပ်ထုတ်ပြန်တင်ပြထားသည်။

အမေရိကန်သမ္မတဘိုင်ဒင် ဦးဆောင်သော အစိုးရက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အတည်ပြု ထားသော မြန်မာနိုင်ငံမှ ကျောင်းသားကျောင်း သူများအတွက် “Diversity and Inclusion” ပညာသင်ဆုအတွက် အမေရိကန်ဒေါ်လာ ၄၅ သန်း သုံးစွဲရန် ခွင့်ပြုထားကြောင်း၊ မြန်မာနိုင်ငံသည် တရားစီရင်ရေးမဏ္ဍိုင် ဆိုးရွားစွာ ချို့ယွင်းနေပြီး အကျင့်ပျက်ခြစားမှုများ ပြားလာခြင်း၊ အစိုးရက စီးပွားရေးနှင့် ပိုင်ဆိုင်မှုများကဏ္ဍတွင် ဝင်ရောက် စွက်ဖက်နေခြင်းတို့ကြောင့် ဆင်းရဲမွဲတေမှုနှင့် ကြီးမားသော ပြဿနာများ ကြုံတွေ့နေရကြောင်း၊ အမေရိကန် အစိုးရက ပေးအပ်သော အမေရိကန်ဒေါ်လာ ၄၅ သန်း ပညာသင်ဆုများသည် အဆိုပါပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း သုံးသပ် ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် Make America Great Again ကြွေးကြော်သံဖြင့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အပြတ်အသတ် ပြန်လည် အနိုင်ရရှိကာ အီလွန်မက်ကို အမေရိကန် အစိုးရဘတ်ဂျက်များ လျှော့ချရေးနှင့် အစိုးရလုပ်ငန်းစဉ်များ ထိရောက်ရေးအတွက် အစိုးရလုပ်ငန်းစဉ်များ စိစစ်ရေး ဌာန၏ အကြီးအကဲအဖြစ် ခန့်အပ်ထားခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article