34 C
Yangon

စစ်ကောင်စီက စစ်အသုံးစရိတ်ကို ကန့်သတ်မှုမရှိတော့ဘဲ လိုအပ်လျှင် လိုအပ်သလို နောက်ဆက်တွဲ တိုးမြှင့်သုံးစွဲခွင့်ပြုလိုက်ပြီး တိုင်းပြည်သုံးငွေ၏ ၃၀ ရာခိုင်နှုန်းနီးပါးအထိရှိလာ၊ တစ်နိုင်ငံလုံး အခွန်အခများ မဖြစ်မနေ တိုးမြှင့်ကောက်ခံရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား

Must read

စစ်ကောင်စီက စစ်အသုံးစရိတ်ကို ကန့်သတ်မှုမရှိတော့ဘဲ လိုအပ်လျှင် လိုအပ်သလို နောက်ဆက်တွဲ တိုးမြှင့်သုံးစွဲခွင့်ပြုလိုက်ပြီး တိုင်းပြည်သုံးငွေ၏ ၃၀ ရာခိုင်နှုန်းနီးပါးအထိရှိလာ၊ တစ်နိုင်ငံလုံး အခွန်အခများ မဖြစ်မနေ တိုးမြှင့်ကောက်ခံရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား

ရန်ကုန်၊ နိုဝင်ဘာ ၂၅

အကြမ်းဖက်စစ်ကောင်စီက လက်ရှိ တိုင်းပြည်ဘဏ္ဍာကို သုံးစွဲနေရာတွင် စစ်အသုံးစရိတ်ကို ကန့်သတ်မှုမရှိတော့ဘဲ လိုအပ်လျှင် လိုအပ်သ လို နောက်ဆက်တွဲ တိုးမြှင့်သုံးစွဲခွင့်ပြုလိုက်ပြီး စုစုပေါင်း စစ်အသုံးစရိတ်မှာ တိုင်းပြည်တစ်​ခုလုံး သုံးငွေ၏ ၃၀ ရာခိုင်နှုန်းနီးပါးရှိလာကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းဦးဆောင်သည့် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် စစ်အသုံးစရိတ်များနှင့် ပတ်သက်၍ လိုအပ်လျှင် လိုအပ်သလို နောက်ဆက်တွဲ တိုးမြှင့် သုံးစွဲခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီက သွင်းကုန်များလျှော့ချခြင်း၊ ပညာရေးနှင့်ကျန်းမာရေး အပါအဝင် နိုင်ငံခြားငွေသုံးစွဲရသည့်ကဏ္ဍများအားလုံးတွင် အသုံးစရိတ်များ လျှော့ချနေသော်လည်း စစ်အသုံးစရိတ်ကိုမူ လိုအပ်လျှင် လိုအပ်သလို နောက်ဆက်တွဲ တိုးမြှင့် သုံးစွဲခွင့်ပြုထားကြောင်း၊ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတွင်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများက ပိုလျှံငွေများ ပြန်လည် အပ်နှံမှုများ ရှိသော်လည်း ကာကွယ်ရေးဝန်ကြီးဌာနနှင့်စစ်တပ်၏ အသုံးစရိတ်မှာမူ မူလ သုံးစွဲရန် လျာထားသည်ထက် ပိုမိုများပြားလာကြောင်း၊ ယင်းသို့ များပြားလာမှုအတွက် စစ်အသုံးစရိတ်ကို ကန့်သတ်မှုမရှိတော့ဘဲ နောက်ဆက်တွဲ ဆက်လက် တိုးမြှင့်သုံးစွဲခွင့်ပြုထားကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီက အခွန်အခများ တိုးမြှင့်ကောက်ခံရန် စီစဉ်နေပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ရငွေ ငွေကျပ် ဘီလီယံ ၃၅၀၀၀ ရရှိရန် လျာထားသော်လည်း ငွေကျပ် ဘီလီယံ ၄၀၇၀ ဒသမ ၃၆၄ အထိရရှိရေး တိုးမြှင့်ကောက်ခံရန် ဒုစစ်ခေါင်းဆောင်စိုးဝင်းက ညွှန်ကြားထားကြောင်း၊ သုံးငွေပိုင်းတွင် ငွေကျပ်ဘီလီယံ ၄၂၀၀၀ ကျော် သုံးစွဲရန်လျာထားသော်လည်း လက်ရှိအချိန် ယခုဘဏ္ဍာရေးနှစ်၏ ၈ လတာ ကာလတွင်ပင် ငွေကျပ် ဘီလီယံ ၃၉၀၀၀ ကျော်သွားပြီဖြစ်ကြောင်း၊ စစ်အသုံးစရိတ်များကြောင့် သုံးစွဲရမည့် ငွေကြေးပမာဏမှာ ပိုမို၍ များပြားလာရန် ရှိကြောင်း သိရှိရသည်။

စစ်ကောင်စီက လတ်တလော သုံးစွဲနေသော ပမာဏာများအရ စစ်အသုံးစရိတ်သည် တိုင်းပြည်ဘဏ္ဍာ တစ်ခုလုံး၏ ၃၀ ရာခိုင်နှုန်းနီးပါးရှိလာနေကြောင်း၊ အထူးသဖြင့် စစ်မှုထမ်း ဥပဒေအရ တပ်သားသစ်များကို လစဉ် ခေါ်ယူနေရခြင်း၊ ကပစစက်ရုံများတွင် လက်နက်ခဲယမ်းများ တိုးမြှင့်ထုတ်လုပ်နေခြင်း၊ တပ်သားသစ်များအတွက် စားဝတ်နေရေး စရိတ်များ ပိုမိုသုံးစွဲလာရခြင်း၊ ပြည်ပတိုင်းပြည်များမှ စစ်လေယာဉ်နှင့်ရဟတ်ယာဉ်ဆိုင်ရာများ ဝယ်ယူနေရခြင်း၊ ပြည်ပမှ စစ်လက်နက်ခဲယမ်းများ တင်သွင်းရန် တိုးမြှင့်သုံးစွဲနေရခြင်းများကြောင့် စစ်အသုံးစရိတ်မှာ တိုင်းပြည်သုံးငွေ၏ ၃၀ ရာခိုင်နှုန်းအထိရှိလာကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article