28 C
Yangon

စစ်ကိုင်းနှင့် ရွှေဘိုတွင် စစ်တပ် စစ်ကြောင်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဇာမဏီဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နံနက် ၁၁ နာရီခန့်တွင် စစ်ကိုင်းမြို့နယ် တောင်ရင်းရွာမှ ပဒူရွာကို ပြန်လည် ဆုတ်ခွာလာသော အင်အား ၇၀ ခန့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ဒရုန်းသမားတွေက တောက်လျှောက် လိုက်ချတာပေါ့ဗျာ။ အကြမ်းဖက် စစ်ကောင်စီဘက်က ထိခိုက်မှုရှိပါတယ်။ စစ်ခွေးတွေဘက်က ဂျမ်ဘာကောင်းလွန်းတော့ ကင်းမထောက်နိုင်ခဲ့ဘူး။ အဲအတွက်ကြောင့် ထိခိုက်သေဆုံးမှု မသိရသေးဘူး။ စစ်ခွေးတွေ ထိခိုက်မှုတော့ရှိတယ်။ စစ်ခွေးရှိတဲ့ နေရာတိုင်းကို ဇာမဏီဒရုန်းတပ်ဖွဲ့အနေနဲ့ မီသလောက် လိုက်ချနေမှာပါ။ ဆီဖိုးနဲ့ ဗုံးသီးသာရှိနေရင် စစ်ခွေးကို သေအောင် တိုက်ခိုက်နိုင်ပါတယ်” ဟု ဇာမဏီဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် ဝက်လက်မြို့နယ် တာဝန်ခံအဖွဲ့နှင့် ဇာမဏီဒရုန်း တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ချီပါရွာကျေးရွာတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ဇာမဏီဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလမှ နိုဝင်ဘာလ အတွင်း ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၃၀ရက်နေ့မှ နိုဝင်ဘာလ ၃ရက်နေ့အထိ ရွှေဘိုမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး ပြည်သူ ၅ ဦးကိုသတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ပြည်သူ ၅ ဦးသတ်ဖြတ်ခဲ့တယ်။ ၁ ဦးကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့တာ ဘယ်ရွာက ပြည်သူတွေလည်းဆိုတာတော့ မသိရသေးဘူး။ အိုးဘိုရွာနားမှာ အသတ်ခံထားရတာ အဖမ်းခံရတာတော့မရှိဘူး။ စစ်ကြောင်းက ရွှေဘိုကနေ ချီပါ ကူးတာကို ၈ ရက်လောက်ကြာတယ်။ ချီပါရွာထဲ ၄ ရက်လောက်နေသွားတယ်။ သူတို့ စဝင်လာတဲ့နေ့ကတည်းက သတ်ခံထားရတာထင်တယ်။ စစ်ကြောင်းက ၉ ရက်လောက်ကြာတယ်။ ရွှေဘိုကနေ ချီပါ သူတို့ ဘယ်လိုမှတိုးမရလို့ ပြန်လှည့်သွားတာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြန်လည်ထွက်ခွာသွားတာပါ “ဟု ဇာမဏီဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article