ရန်ကုန်၊ နိုဝင်ဘာ ၂၇
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ၁၃ ရက်ကြာ တပ်စွဲခဲ့သော ဇရပ်ဆိပ်ရွာ၌ လက်ပြန်ကြိုးတုပ် သတ်ဖြတ်ခံထားရသည့် အမျိုးသား ၁ ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း ပုလော PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၁ ရက်မှ ၂၃ ရက်နေ့အထိ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာ၌ အကြမ်းဖက် စစ်တပ်က ၁၃ ရက်ကြာ တပ်စွဲနေထိုင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကျေးရွာအတွင်းမှ ပြန်လည် ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခံထားရသော အမျိုးသား ၁ ဦး၏ ရုပ်အလောင်းကို ဇရပ်ဆိပ်ရွာ ဘုန်းကြီးကျောင်းဝင်းအနီးတွင် မြေမြုပ်ထားသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“၂၃ ရက်နေ့က စစ်ခွေးတွေ ရွာထဲက ထွက်သွားပြီး ဇရပ်ဆိပ်ကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်တော့ လက်ပြန်ကြိုးတုပ် သတ်ဖြတ်ခံထားရတဲ့ အလောင်း ၁ လောင်းကို တွေ့ရှိခဲ့တာပါ” ဟု ပုလော PDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပုလောမြို့နယ်အတွင်း ဆက်တိုက် စစ်ကြောင်းထိုးနေ၍ တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှုရှိပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများလည်း ရှိကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar