29 C
Yangon

Breaking News- ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသဖြင့် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ပေးရန် ICC ရှေ့နေချုပ်က လျှောက်ထား၊ လပိုင်းအတွင်း ဖမ်း၀ရမ်းထွက်ရှိနိုင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ရခိုင်ပြည်မှ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် ပြစ်မှုထင်ရှားသဖြင့် မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ပေးရန် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)၏ ရှေ့နေချုပ် Karim A.A. Khan KC က ICC တရား ရုံးတွင် ယနေ့ လျှောက်ထားလိုက်ပြီဖြစ်ကြောင်း ICC တရားရုံး က ယနေ့ တရား ဝင် သတင်း ထုတ်ပြန်သည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ပြီး ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု သတ်ဖြတ်မှုလှိုင်းများနှင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရိုဟင်ဂျာများ ထွက်ခွာလာမှု နှင့် နောက်ဆက်တွဲ ရာဇ၀တ်မှုများကို စုံစမ်း စစ်ဆေးခဲ့ကြောင်း၊ ကျယ် ကျယ် ပြန့်ပြန့် လွတ်လပ်ပြီး သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှုအပြီး စစ်တပ်ကာ ကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ ၀တ် မှုများအတွက် ရာဇ၀တ်မှုကျူးလွန်သည်ဟု ICC တရားရုံးက ဆုံးဖြတ်ကောက် ချက်ချခဲ့ကြောင်း၊ စစ်တပ်က ရိုဟင်ဂျာများကို ညှဉ်းပန်းသတ်ဖြတ်မှုများနှင့် နှင်ထုတ်မှုများကို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် ကျူးလွန်ခဲ့ကြောင်း ICC က ထုတ်ပြန်သည်။

ICC တရားရုံးက မင်းအောင်လှိုင်ကို ဖမ်း၀ရမ်း ထုတ်ရန်လျှောက်ထားမှုသည် အဆိုပါ အမှုအတွက် ဖမ်းဝရမ်းထုတ်ရန် ပထမဆုံး လျှောက်ထားချက်ဖြစ်ပြီး နောက် ဆက်တွဲ များ ထပ်မံ လာဦးမည်ဖြစ်​ကြောင်း သိရှိရသည်။

ယနေ့ ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားသော လျှောက်လွှာတွင် သက်သေအများ အပြား၊ စာရွက်စာတမ်းအထောက်အထားများနှင့် စစ်မှန်သောသိပ္ပံ နည်းကျ၊ ဓာတ်ပုံနှင့် ဗီဒီယိုပစ္စည်းများအပါအဝင် သက်သေထွက်ဆိုချက်များပါဝင်ကြောင်း သိရှိရသည်။

“အခုက ICC တရားရုံးမှာ စုံစမ်းစစ်ဆေးပြီး တရားစွဲပြီးလို့ ပြစ်မှု ထင်ရှားကြောင်း ဆုံးဖြတ်လို့ ဖမ်း၀ရမ်းထုတ်ဖို့ လျှောက်တာ။ လပိုင်းလောက်ပဲ ကြာလိမ့်မယ်။ ဖမ်း၀ရမ်းက။ ဒါက ရိုဟင်ဂျာအမှုတစ်ခုတည်းအတွက်ပါ” ဟု ရိုဟင်ဂျာအရေး ဦးဆောင်လှုပ်ရှားသူ ရိုနေဆန်းလွင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article