24 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၂၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • NUG အနေနဲ့ အဝေးရောက် အစိုးရ မဖြစ်ရအောင် မြန်မာနိုင်ငံ ပြင်ပမှာ ရောက်နေတဲ့ NUG အစိုးရ အဖွဲ့ဝင် အားလုံး ပြည်တွင်းကို ပြန်လာကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ညွှန်ကြား လိုက်ပါ တယ်။
  • ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ်မြို့မှာရှိတဲ့ တရုတ်-မြန်မာနယ်စပ်ဂိတ်တွေကို တရုတ်နိုင်ငံဘက်က ဒီဇင်ဘာလ ၁ ရက်နေ့က စပြီး ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပြီး စည်းကမ်းကန့်သတ်ချက်များစွာ ထုတ်ပြန် လိုက်တဲ့အတွက် နယ်စပ်ကုန်သွယ်ရေးက ခက်ခဲနေဦးမှာဖြစ်တယ်လို့ မူဆယ်အခြေစိုက် နယ်စပ် ကုန်သည်တွေက ရန်ကုန်ခေတ်သစ်ကို ပြောထားကြပါတယ်။
  • ချင်းပြည်နယ်က ၊ ဟားခါး -ထန်တလန်အကြားမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ပွိုင့်- ၃ တပ်စခန်း ကို ချင်းပြည်ကောင်စီပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ၊ စစ်ကောင်စီတပ်သား အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ကိုပါ သိမ်ဆည်း ရရှိထားသလို ၊ ထွက်ပြေးနေတဲ့ စစ်သားတွေ ကိုပါ လိုက်လံရှင်းလင်းနေတယ်လို့ ချင်းတပ် ၊ CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article