32 C
Yangon

မင်းအောင်လှိုင်ကို အဖွဲ့ဝင် ၁၂၅ နိုင်ငံ ပါဝင်သော ကမ္ဘာ့ရာဇဝတ်တရားရုံး ICC က ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှု ကမ္ဘာ့ထိပ်တန်းသတင်းကြီးဖြစ်လာပြီး နိုင်ငံတကာအဖွဲ့များက အမြန်ဆုံး ဖမ်း၀ရမ်းထုတ်ရန် တိုက်တွန်းတောင်းဆို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၈

အကြမ်းဖက် မင်းအောင်လှိုင်ကို အဖွဲ့ဝင် ၁၂၅ နိုင်ငံပါဝင်သော နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)က ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှုသတင်းမှာ ကမ္ဘာ့ထိပ်တန်းသတင်းကြီးဖြစ်လာပြီး နိုင်ငံတကာအဖွဲ့အစည်းများက အမြန်ဆုံး ဖမ်း၀ရမ်းထုတ်ရန် တိုက်တွန်းတောင်းဆိုလိုက်ကြသည်။

ရခိုင်ပြည်မှ ရိုဟင်ဂျာများနှင့်ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အတွက် ပြစ်မှုထင်ရှားသဖြင့် မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)၏ ရှေ့နေချုပ် Karim A.A. Khan KC က ICC တရား ရုံးတွင် ယမန်နေ့က လျှောက် ထားလိုက်ခြင်းဖြစ်သည်။

မင်းအောင်လှိုင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်ရေး လျှောက်ထားလိုက်သည့်သတင်းမှာ CNN ၊ Reuters ၊ AP ၊ AFP ၊ BBC အပါအဝင် ကမ္ဘာ့နာမည်ကျော်သတင်းဌာနကြီးများအားလုံးတွင် ထိပ်တန်းသတင်းကြီးအဖြစ် ဖော်ပြလျက်ရှိသည်။

“ICC က ဖမ်း၀ရမ်းထုတ်တော့မည့် မင်းအောင်လှိုင် ဘယ်လိုလူစားလဲ (Who is Myanmar’s Senior Gen. Min Aung Hlaing?)” ဆိုသော သုံးသပ်ချက် ဆောင်းပါးကိုလည်း ကမ္ဘာကျော် The New York Times သတင်းစာကြီးက ဖော်ပြထားသည်။

ထို့ပြင် နာမည်ကျော် The guardian နှင့် AL JAZEERA သတင်းဌာနကြီးများကလည်း မင်းအောင်လှိုင်နှင့်စစ်အာဏာသိမ်းမှု အခြေအနေများ၊ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူး လွန်ခဲ့ကြောင်း ကျယ်ကျယ်ပြန့်ပြန့် သတင်းတင်ဆက်နေကြသည်။

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မြန်မာ နိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရိုဟင်ဂျာများကို မောင်းထုတ်မှုများအတွက် မင်းအောင်လှိုင်တွင် တာဝန်ရှိသည်ဟု ICC တရားရုံးက ဆုံးဖြတ်ကောက် ချက်ချခဲ့ကြောင်း၊ စစ်တပ်က ရိုဟင်ဂျာများကို ညှဉ်းပန်းသတ်ဖြတ်မှုများနှင့် နှင်ထုတ်မှုများကို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် ကျူးလွန်ခဲ့သော သက်သေအထောက်အထား အပြည့်အစုံရရှိခဲ့ကြောင်း ICCတရားရုံး က သတင်းထုတ် ပြန်သည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကလည်း အကြမ်းဖက်မင်းအောင်လှိုင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်ရန် စီစဉ်နေမှုအပေါ် ကြိုဆိုလိုက်ပြီး ICC တရားရုံး တရားသူကြီးများအနေဖြင့် အမြန်ဆုံး ဖမ်း၀ရမ်း ထုတ်ရန် ယနေ့ ထုတ်ပြန်တောင်းဆိုလိုက်သည်။

မင်းအောင်လှိုင်နှင့် ထိပ်တန်း စစ်ခေါင်းဆောင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုတွေနှင့် စစ်ရာဇ၀တ်မှုများအတွက် စုံစမ်းစစ်ဆေးပြီး အရေးယူရန် အရေးတကြီး တောင်းဆိုကြောင်း၊ မြန်မာစစ်ဗိုလ်ချုပ်များအနေဖြင့် ကျူးလွန်သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် နိဂုံးချုပ်ရန် ခြေတစ်လှမ်း နီးကပ်လာပြီဖြစ်ကြောင်း၊ SAC-M အနေဖြင့် ICC တရားသူကြီးများက မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များအပေါ် ဖမ်းဝရမ်းလျှောက်ထားမှုများကို ကြန့်ကြာမှုမရှိဘဲ စွဲချက်တင်ရန် တောင်းဆိုကြောင်း ထုတ်ပြန်ထားသည်။

အလားတူ Burma Campaign for UK ၊ Human Rights Watch အပါအဝင် နိုင်ငံတကာအဖွဲ့တချို့ကလည်း ICC တရားရုံး၏ ထုတ်ပြန်ချက်အပေါ် အပြု သဘောရှုမြင်ကြပြီး ICC တရားရုံး၏ လုပ်ရပ်မှာ မှန်ကန်ကြောင်း၊ ICC အဖွဲ့ဝင် ၁၂၅ နိုင်ငံအနေဖြင့် ICC တရားရုံး၏ ဆောင်ရွက်ချက်အပေါ် ထောက်ခံပူး ပေါင်းကြရန် တိုက်တွန်းကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article