28 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်က ရိုဟင်ဂျာနဲ့ပတ်သက်ကာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ပြစ်မှုထင်ရှားတာကြောင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)ရဲ့ ရှေ့နေချုပ်တရားရုံးမှာ လျှောက်ထားလိုက်ပြီလို့ ICC တရားရုံးက မနေ့က တရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။
  • ကရင်နီပြည်၊ လွိုင်ကော်မြို့ကို ချီတက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ကျော် သေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိကာ လက်နက် ၂၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ KA စစ်ရေး ဗိုလ်မှူးကြီးဖုန်းနိုင်နဲ့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃၀ ဦး ထက်မနည်း သေဆုံးပြီး တပ်ကြပ် ၁ ဦးကို အရှင်ဖမ်းမိကာ လက်နက် ၉ လက်နဲ့ ပြည်သူတွေဆီကနေ ခိုးယူထားတဲ့ ရွှေလက်ကောက် ၃ ကွင်းတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သရက်ခရိုင် အမှတ်-၄ တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article