31 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီး များဖြင့် ပစ်ခတ် တိုက်ခိုက်မှု အသက် ၈ နှစ် အရွယ် ကလေး ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံးပျက်စီး

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီး များဖြင့် ပစ်ခတ် တိုက်ခိုက်မှု အသက် ၈ နှစ် အရွယ် ကလေး ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံးပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၇

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ မူးမြို့နယ်၊ လယ်ဒိုမြို့နယ်နှင့် ဆောထိမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် အသက် ၈ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဆောထိမြို့နယ်တွင် တော်ဝိကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ခမရ-၂၀ တပ်ရင်း က ဂွေးကုန်းကျေးရွာကို လက်နက်ကြီး ၁၂၀ မမ ၃ လုံး၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဂွေးကုန်းကျေးရွာတံတားကို ဒရုန်းဖြင့် လက်နက်ကြီး ၂ လုံး ၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်း က ဂွေးကုန်းကျေးရွာကို လက်နက်ကြီး ၁၂၀ မမ ၂ လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့တွင် လယ်ဒိုမြို့နယ်တွင် ကုန်းချောင်းဝကျေးရွာတွင် နေရာယူထားသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၁၂၀ မမ ဖြင့် တလှိုင်းခင်ကျေးရွာကို ၁ လုံး၊ ကျောက်စရစ်ကျေးရွာကို ၂ လုံး၊ နတ်သံကွင်းမှ အကြမ်းဖက် စစ်တပ်ကလည်း ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁၂၂ မမ ဖြင့် လက်ခံကျေးရွာကို ၁ လုံး၊ ဝေဒေါခို (အင်တိုင်းကုန်း) ကျေးရွာနှင့် လိန်ပင်ကျေးရွာ အကြားတွင် ၂ လုံး၊ ဒိုးတန်းကျေးရွာကို ၁ လုံး၊ လိန်ပင်ကျေးရွာကို ၁ လုံး၊ လက်ခံကျေးရွာကို ၅ လုံး၊ ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ တပ်ရင်း က လက်ခံကျေးရွာကို လက်နက်ကြီး ၁၂၀ မမ ၃ လုံး စုစုပေါင်း ၁၆ လုံးပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်း ပစ်ခတ်မှုကြောင့် လက်ခံကျေးရွာနှင့် လိန်ပင်ကျေးရွာမှ ပြည်သူပိုင် နေအိမ် ၂ လုံးပျက်စီးခဲ့ပြီး အသက် ၅၀ နှစ် အရွယ် ညားနော်ကြည်နှင့် Grade-3 ကျောင်းသား အသက် ၈ နှစ်အရွယ် စောအယ်ခီးလာ လည်း ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၄ ရက်နေ့တွင် မူးမြို့နယ်တွင် အုန်းပင်စုကျေးရွာတွင် နေရာယူထားသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၈၁ မမဖြင့် ရေလဲဗမာကျေးရွာကို ၁ လုံး၊ ရေလဲကျေးရွာနှင့် ထွနီကုန်းကျေးရွာ အကြားတွင် ၁ လုံးနှင့် ရေလဲကရင်ကျေးရွာကို ၁ လုံး စုစုပေါင်း ၃ လုံးပစ်ခတ်ခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article