ရေဦးမြို့နယ်အတွင်း တိမ်းရှောင်နေကြရသည့် ဒီပဲယင်းမြို့ပေါ်မှ စစ်ဘေးရှောင် မိသားစုဝင်များကို ဟင်းချက်စရာ အသီးအရွက်အစုံ ကုန်စိမ်းများ ရဲဘော်များလှူဒါန်း
ရေဦးမြို့နယ်အတွင်း လေးလခန့်အကြာ တိမ်းရှောင်နေကြရသည့် ဒီပဲယင်းမြို့ပေါ်မှ စစ်ဘေးရှောင် မိသားစုဝင်များကို ဟင်းချက်စရာ အသီးအရွက်အစုံ ကုန်စိမ်းများကို သတင်းပြန်ကြားရေးနှင့် ကူညီရေးပိုင်း မဟာမိတ်နှစ်ဖွဲ့ ရဲဘော်များက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လှူဒါန်းမှုကို ရေဦးမြို့နယ်အခြေစိုက် 𝐏𝐃𝐂 သတင်းပြန်ကြားရေး၏ ဌာနခွဲ ရေဦးမြို့နယ်စစ်ရှောင်ပြည်သူထောက်ပံ့ရေး၊ ရွှေဘိုခရိုင် ပင်မ ပြန်ကြားရေးဌာန၏ တပ်ခွဲ ‘ရေခဲမြစ်ငယ်နွေ’ တို့မှ ရဲဘော်များအတူပူးပေါင်းပြီး ရေဦးမြို့နယ်အတွင်း ၁ နှစ်ကျော်ခန့်အကြာ နှင့် ၄ လခန့်အကြာ တိမ်းရှောင်နေကြရသည့် ဒီပဲယင်းမြို့ပေါ်မှ စစ်ဘေးရှောင် မိသားစု ၆၀ ကျော်ကို “ဖွယ်ဖွယ်ရာရာ ဟင်းချက်စရာ ထောက်ပို့ကူညီပါ”အစီအစဥ်ဖြင့် ဟင်းချက်စရာ ရာသီအလိုက်ပေါ် ကုန်စိမ်းအသီးအနှံမျိုးစုံတို့ကို ဒီဇင်ဘာလ ၁၀ ရက်နေ့က သွားရောက်ကူညီ ထောက်ပံ့လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။