27 C
Yangon

ညောင်လေးပင်နှင့်ကျိုက်ထိုရှိ ကျေးရွာများကို စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁ နှစ် အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၆ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

Must read

ညောင်လေးပင်နှင့်ကျိုက်ထိုရှိ ကျေးရွာများကို စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁ နှစ် အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၆ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ လယ်ဒိုမြို့နယ်နှင့် ဆောထိမြို့နယ်တို့ အတွင်း ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရရှိပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

ဒီဇင်ဘာလ ၆ ရက်၊ ၇ ရက်၊ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် လယ်ဒိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄ ၊ နတ်သံကွင်း၌ နေရာယူထားသော အကြမ်းဖက် စစ်တပ်နှင့် ခမရ-၃၀၇ တပ်ရင်းတို့မှ စစ်ကောင်စီ တပ်သားများက ဝါးပင်စုကျေးရွာ၊ လိန်ပင် ကျေးရွာ၊ အင်းနက်ကျေးရွာ၊ သောင်ပုကျေးရွာ၊ ခြောက်တဲစု ကျေးရွာနှင့် ကုန်းချောင်းဝကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းကို ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး သောင်ပုရွာမှ အသက် ၁ နှစ် အရွယ် နော်သွန်းရနာထွန်း၊ အသက် ၃၅ နှစ် အရွယ် စောကျော်သူထွန်းနှင့် အသက် ၄၁ နှစ် အရွယ် စောဆဲဂေး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး၊ ထော်လာဂျီ ၁ စီး နှင့် ဆိုင်ကယ် ၁ စီးတို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဆောထိမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်၏ ခမရ-၂၀ တပ်ရင်းက တော်ဝိကျေးရွာတွင် နေရာယူပြီး ဂွေးကုန်းကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၃၀ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အမြောက်တပ် (အမှတ်-၃၁၀) မှ အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၁ လုံး ၊ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ကြာင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ၂ လုံးသည် ဝင်းကံစစ်ဆေးရေးဂိတ်အနီးရှိ ခရွဲကျေးနယ်အပိုင် ရော်ဘာခြံအနီးတဝိုက်အတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး ရော်ဘာအစေး ခြစ်နေသော အသက် ၅၉ အရွယ် အမျိုးသမီး ၁ ဦး၊အသက် ၁၇ နှစ်အရွယ် မိန်းကလေး ၁ ဦးနှင့် အသက် ၁၁ နှစ် အရွယ် ကလေး ၁ ဦးတို့ ကျည်စထိမှန်ခဲ့ပြီး မြို့နယ်တာဝန်ရှိသူများမှ ဆေးခန်းသို့လိုက်ပါ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article