27 C
Yangon

ရွှေဘိုမြို့နယ်၊ သပြေသာရွာတွင် စစ်တပ်က မီးရှို့သတ်ဖြတ်ထားသည့် ရုပ်အလောင်း ၄ လောင်းတွေ့ရှိ၊ စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ နီးပါး ပြာကျပြီး မိုင်းနင်းမိ၍ ပျူစောထီး ၁ ဦး သေဆုံး

Must read

ရွှေဘိုမြို့နယ်၊ သပြေသာရွာတွင် စစ်တပ်က မီးရှို့သတ်ဖြတ်ထားသည့် ရုပ်အလောင်း ၄ လောင်းတွေ့ရှိ၊ စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ နီးပါး ပြာကျပြီး မိုင်းနင်းမိ၍ ပျူစောထီး ၁ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သပြေသာရွာတွင် အကြမ်းဖက် စစ်တပ်က မီးရှို့ သတ်ဖြတ်ထားသည့် ရုပ်အလောင်း ၄ လောင်းတွေ့ရှိပြီး စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ နီးပါး ပြာကျကာ မိုင်းနင်းမိ၍ ပျူစောထီး ၁ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၇ ရက်မှ ၉ ရက်နေ့ထိ ရွှေဘိုမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်သားများနှင့် ရွှေဘိုမြို့နယ် အနောက်ဘက်ရှိ ပျူစောထီးကျေးရွာများမှ ပျူစောထီးများ ပူးပေါင်း၍ သပြေသာကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်း မီးရှို့ သတ်ဖြတ်ခဲ့သော ရုပ်အလောင်း ၄ ကောင် ကိုတွေ့ရှိခဲ့ကြောင်း၊ အဆိုပါ သေဆုံးသူများသည် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသပြည်သူများမဟုတ်ကြောင်း၊ လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးခဲ့သော နယ်မြေအတွင်း ပျောက်ဆုံးနေသော ပြည်သူများလည်းမရှိဘဲ မည်သူမည်ဝါ ​ဖြစ်ကြောင်း အတည်ပြုနိုင်ခြင်း မရှိသးကြောင်း၊ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

“သေဆုံးသူတွေက ဘယ်သူတွေဆိုလည်းဆိုတာ အတည်မပြုနိုင်သေးဘူး။ နယ်မြေ အတွင်းမှာတော့ ပြည်သူတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေ ပျောက်ဆုံးမှု မရှိဘူး” ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်းရှိ နေအိမ် ၂၀၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (PDO) ဦးဆောင်သော နယ်မြေခံ ပကဖ အဖွဲ့များ ထောင်ထားသည့် မိုင်းကွင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖြတ်သန်းသွားလာစဉ် မိုင်းနင်းမိပြီး ပျူစောထီး ၁ ဦး သေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးထဲတွင် ပန်းရံရွာ ပျူစောထီး ခေါင်းဆောင် အောင်ကျော်လည်း ပါဝင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article