27 C
Yangon

တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက် ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီခန့်အချိန် တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်း စစ် ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ လုံးအောင်မြင်စွာ ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရ သည်။

တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) က ပဲခူးတိုင်းဒေသကြီး၊ ကရင် ပြည်နယ် မြောက်ဘက်ခြမ်း ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများရှိ တော်လှန်ရေး အင်အားစုများနှင့် အပြစ်မယ့်ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နေကြသည့် စစ်တပ်ကို အဓိက အမိန့်ပေးကွပ်ကဲနေသည့် တိုင်းစစ်ဌာနချုပ်ဖြစ်ကြောင်း၊ တော်လှန်ရေးအရွေ့တစ် ခုဖြစ်ပေါ်စေရန် ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ တိုင်းစစ် ဌာနချုပ်များကို တိုက်ရိုက်တိုက်ခိုက်ခြင်းဖြင့် ထိုပင်မစစ်ဌာနချုပ်နှင့်အတူ ထိုဌာနချုပ်၏ COC အောက်၌ရှိသော တပ်များလဲပြို အင်အားချည့်နဲ့ စေရန်ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီအချိန် တောင်ငူမြို့အခြေစိုက် ၏ ကေတုမဏီ လေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ လုံး အောင်မြင်စွာ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၊တောင်ငူ လေတပ်စခန်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေ သောကြောင့် လေတပ်ပြိုလဲရေးလုပ်ငန်းစဉ်၏ မစ်ရှင်တစ်ခုအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးတိုက်ခိုက်မှုများကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF) နှင့် သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်းကာတ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းသိရှိရသည်။

ဓာတ်ပုံ – ယမန်နေ့ညပိုင်း စစ်ကောင်စီတပ်စခန်းများကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယမန်နေ့ညပိုင်း စစ်ကောင်စီတပ်စခန်းများကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်စဉ်
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article