26 C
Yangon

ပခုက္ကူ၊ ရေလာလေး ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးပြီး ရေလာကြီးရွာကို မီးရှို့ ဖျက်ဆီးနေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး ရေလာကြီးရွာကို မီးရှို့ ဖျက်ဆီးနေကြောင်း အညာမြေ တပ်ပေါင်းစုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်မှစတင်ပြီး ညောင်ဂျစ်ပင်ရွာရှိ စစ်တပ်စခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ကြောင်းထိုးပြီး ရေလာ‌လေးရွာနှင့် ကပ်လျက် တည်ရှိသော ရေလာကြီးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် မြေပြင်တွင် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ တပ်သားများက စီးနင်းမီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ကျေးရွာအတွင်းရှိ ပျက်စီးမှု အခြေအနေနှင့် ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ဒီနေ့ မွန်းလွဲ ၁ နာရီက စတင်ပြီး စစ်ခွေးစစ်ကြောင်းက မီးရှို့နေတာပါ။ မြေပြင် ထိတွေ့ တိုက်ပွဲမရှိပါဘူး။ ညောင်ဂျစ်ပင်ကနေ လာတဲ့ ခွေးစစ်ကြောင်းက မီးရှို့နေတာ ၁၁ ရက်နေ့ တိုက်ပွဲမှာ ခွေးတွေအထိနာတော့ ပတ်ရမ်းနေတာ ပြည်သူတွေ ထိခိုက်မှု အခြေအနေနဲ့ ကျေးရွာအတွင်း ပျက်စီးမှု အခြေအနေတော့ မသိရသေးဘူး” ဟု အညာမြေ တပ်ပေါင်းစုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ ရေလာလေးရွာရှိ စစ်တပ် အထိုင်စခန်းကို အမှတ် ၈ စစ်ကြောင်းက ဦးဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခွဲခန့်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၆ ဦးသေဆုံးကာ ၇ ဦးအရှင်ဖမ်းမိပြီး လက်နက် ၁၈ လက်နှင့် ခဲယမ်းအများ အပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article