21.1 C
Yangon

လောင်းလုံးတွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်က အင်းဇောက်ကျေးရွာမှ အမျိုးသမီး ၁ ဦးကို ပစ်သတ်ပြီး ပြည်သူ ၁၀ ဦးကျော်ကို ဖမ်းဆီးသွား

Must read

လောင်းလုံးတွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်က အင်းဇောက်ကျေးရွာမှ အမျိုးသမီး ၁ ဦးကို ပစ်သတ်ပြီး ပြည်သူ ၁၀ ဦးကျော်ကို ဖမ်းဆီးသွား

ရန်ကုန်၊ဒီဇင်ဘာ ၁၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်က အင်းဇောက်ကျေးရွာမှ အမျိုးသမီး ၁ ဦးကို ပစ်သတ်ပြီး ပြည်သူ ၁၀ ဦးကျော်ကို ဖမ်းဆီးသွားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ရက်နေ့ နံနက် ၅နာရီခန့်တွင် ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့ဘက်ခြမ်းကို အင်အာဖြည့်တင်းရန် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများက အင်းဇောက်ရွာမှ ဆိုင်ကယ် စီးလာသည့် အမျိုးသမီး၁ ဦးကို ပစ်သတ်ခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့သော အမျိုးသမီးသည် အင်းဇောက်ရွာတွင် နေထိုင်သော အသက် ၅၀ အရွယ် ဒေါ်နွဲ့သန်းဆိုသူဖြစ်ပြီး နေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်လာစဉ် စစ်ကောင်စီ တပ်သားများ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ အရပ်သား ပြည်သူ ၁၀ ဦးကျော်ကိုလည်း ဖမ်းဆီးသွားပြီး တချို့ကို ပြန်လွှတ်ပေးသော်လည်း အများစုကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“စစ်ခွေးတွေက အင်းဇောက်ရွာကို ရောက်တဲ့အခါမှာ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီးတော့ ဒီရွာထဲဝင်လာတာပေါ့။ အဲဒီ အချိန်မှာ ဒီအမျိုးသမီးတစ်ဦးက ဆိုင်ကယ်နဲ့ သူတို့ ပစ်ခတ်တဲ့ အသံတွေ နီးလာတဲ့အခါကျတော့ အိမ်ကနေပြီးတော့ တစ်ခြားနေရာကို ပြောင်းရွေ့တာ အဲလိုထွက်လာတဲ့အချိန် စစ်ခွေးတွေက သေနတ်နဲ့ ပစ်ထည့်လိုက်တာ နေရာမှာတင် ပွဲချင်းပြီးသေဆုံးတယ်။ စစ်ခွေး ဖမ်းတာတော့ အများကြီးပဲ လမ်းမှာ သူတို့ စဆင်းလာတဲ့နေ့ကတည်းက ဖမ်းနေတာ ပြန်လွှတ်ပေးတဲ့ သူတွေရှိတယ်။ ပြည်သူ ၁၀ ဦးကျော်ထက်မနည်းဖမ်းဆီးခံရတယ်။ ပြည်သူတော်တော်များများကတော့ စစ်ခွေးစစ်ကြောင်း ရောက်လာတည်းက ရှောင်နေရကြတာ စစ်ခွေးစစ်ကြောင်းလာပြီဆိုတာနဲ့ပြည်သူတွေ အနေနဲ့ ကြိုတင်ရှောင်ရှားကြဖို့ ပြည်သူတွေကို မေတ္တာရပ်ခံချင်တယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အား ၁၂၀ ခန့်ပါဝင်ပြီး ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အင်အား ၆၀ ခန့်သည် ထားဝယ်ဘက်ကို ပြန်လည် ဆုတ်ခွာသွားပြီး ကျန်ရှိနေသော အင်အား ၆၀ ခန့်သည့် လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် သွားရောက်ပူးပေါင်းကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article